Jul 14, 2012

တစ်ကိုယ်ရေ မိုး

တစ်ကိုယ်ရေ မိုး


စိတ်တွေ ညို့ညို့လာတိုင်း
ကိုယ်ကပ်ရမည့်ကမ်း မဟုတ်တဲ့ ရင်ခွင်လေးဆီ
လှိုင်းတွေ တစ်လုံးပြီးတစ်လုံး ပစ်သွင်းစမ်းသပ်ရင်း
ဘဝကို မုတ်သုန်ထဲ ဆွဲခေါ်ခဲ့တယ်။

ထစ်ချုန်းသံ
စူးရှနာကျင်ကွဲအက်။

အငွေ့ပျံတက်ခဲ့သော ချစ်ခြင်းများစွာအတွက်
အလွမ်းတွေ ရွှဲရွှဲနစ်ထွန်းသွားအောင်
သူမအနား
စိတ်ရှိသမျှ ရွာသွန်းပစ်ခဲ့ပြီ။

ဒီရာသီမှာ ကိုယ်ပွင့်ရမည့်ပန်း
ဆင်ယင်ထုံးဖွဲ့ရမည့် တောအုပ်အလယ်မှာ
ခေါင်းကိုယမ်း ဆံပင်ကိုခါထုတ်
လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ပြီး
မျက်လုံးကို စုံမှိတ်ချလိုက်တော့
အတိတ်မှာလည်း မိုးသည်းဘူးတယ်။

မိုးမြင့်ခေါင်


Individual Rain


When the mind becomes dull,
Tring to fling one wave after another
Unto little bosom that I haven’t to reach
I dragged life into monsoon.

Explosive noise
Sharpen, harm and crack.

For vaporized and raised love
I fall rain in all mood
Around her
To be wet enough by nostalgia.

It’s flower that I have blossom in this season
Midst the wood would-be adorned
By the time I close the eye in pair
After having the fists tightly
Shook the head, waved the hair in cleaning
In the past, it has ever rained, heavily, too.

Trs:Maung Nay Pyar

Myanmar People(February/2005)