Oct 22, 2015

ကျွန်တော့်ကိုနှိမ်ပါ/ကၽြန္ေတာ့္ကိုႏွိမ္ပါ

အဖိအနှိပ်ခံဘက်မှရပ်ပြီး အမြဲတမ်း

အခမဲ့ အတိုက်အခံ လုပ်ပေးတတ်ခြင်းကြောင့်

ကျွန်တော့်ကိုနှိမ်ပါ



လိုရာခရီးကို လမ်းရိုးမှလိုက်တတ်ခြင်းကြောင့်

ဦးချိုမှ နို့ညှစ်ချင်သူများ

(ကိုလံဘတ်စ် မပါ)

ကျွန်တော့်ကိုနှိမ်ပါ



စာအုပ်ကောင်းများကို ရွေးချယ်ဖတ်ပြီးမှ

တွေးတတ်ခေါ်တတ်သူ ကျွန်တော့်အား

(စာမဖတ်ဘဲ) အလိုအလျောက် တွေးတတ်ခေါ်တတ်နေသော

နေရာတကာအိတ်စပတ်များ

ကျွန်တော့်ကိုနှိမ်ပါ



ဘီကီနီဝတ်စုံနဲ့ မယ်စကြဝဠာ ပို့စ် အမျိုးမျိုးနဲ့

လာစွဲဆောင်လည်း စိတ်လာချင်မှ လာမယ်

ဒီအတွက် ကျွန်တော့်ကိုနှိမ်ပါ



အက်ရှဘရီနဲ့ ဘန်းစတိုင်း အထာကြီးကြီးကိုင်နေလည်း

စိတ်လာချင်လာမိမယ်

ဒီအတွက် ကျွန်တော့်ကိုနှိမ်ပါ



အညှောင့်ထွက်စကလောင်တွေရဲ့. လက်ရာတစ်ချို့ကို

ဆင်ကလောင်များ၏ လက်ရာတစ်ချို့ထက် ကြိုက်နှစ်သက်မှုအတွက်

ကျွန်တော့်ကိုနှိမ်ပါ



ကျွန်တော်သည် မိမိဘယ်လောက်ထိရှော်ကြောင်း

ဂဃနဏသိရှိရန် ကြိုးစားအားထုတ်နေသော

လူရှော်တစ်ယောက်သာ ဖြစ်ပါသည်



ထို့ကြောင့် မိမိကိုယ်မိမိ လူတော်ဟု အထင်ရှိနေသော

လူတော်အပေါင်းတို့

ကျွန်တော့်ကို နှိမ်ကြပါ။



ဆေးခါး

22.10.2013


5:30 p.m(TDI)

Zawgyi:


အဖိအႏွိပ္ခံဘက္မွ႐ပ္ၿပီး အၿမဲတမ္း
အခမ့ဲ အတိုက္အခံ လုပ္ေပးတတ္ျခင္းေၾကာင့္
ကၽြန္ေတာ့္ကိုႏွိမ္ပါ

လိုရာခရီးကို လမ္းရိုးမွလိုက္တတ္ျခင္းေၾကာင့္
ဦးခ်ိဳမွ ႏို႔ညွစ္ခ်င္သူမ်ား
(ကိုလံဘတ္စ္ မပါ)
ကၽြန္ေတာ့္ကိုႏွိမ္ပါ

စာအုပ္ေကာင္းမ်ားကို ေရြးခ်ယ္ဖတ္ၿပီးမွ
ေတြးတတ္ေခၚတတ္သူ ကၽြန္ေတာ့္အား
(စာမဖတ္ဘဲ) အလိုအေလ်ာက္ ေတြးတတ္ေခၚတတ္ေနေသာ
ေနရာတကာအိတ္စပတ္မ်ား
ကၽြန္ေတာ့္ကိုႏွိမ္ပါ

ဘီကီနီ၀တ္စုံနဲ႔ မယ္စၾက၀ဠာ ပို႔စ္ အမ်ိဳးမ်ိဳးနဲ႔
လာစြဲေဆာင္လည္း စိတ္လာခ်င္မွ လာမယ္
ဒီအတြက္ ကၽြန္ေတာ့္ကိုႏွိမ္ပါ

အက္ရွဘရီနဲ႔ ဘန္းစတိုင္း အထာႀကီးႀကီးကိုင္ေနလည္း
စိတ္လာခ်င္လာမိမယ္
ဒီအတြက္ ကၽြန္ေတာ့္ကိုႏိွမ္ပါ

အေညွာင့္ထြက္စကေလာင္ေတြရဲ႕. လက္ရာတစ္ခ်ိဳ႕ကို
ဆင္ကေလာင္မ်ား၏ လက္ရာတစ္ခ်ိဳ႕ထက္ ႀကိဳက္ႏွစ္သက္မွဳအတြက္
ကၽြန္ေတာ့္ကိုႏွိမ္ပါ

ကၽြန္ေတာ္သည္ မိမိဘယ္ေလာက္ထိေရွာ္ေၾကာင္း
ဂဃနဏသိရိွရန္ ႀကိဳးစားအားထုတ္ေနေသာ
လူေရွာ္တစ္ေယာက္သာ ျဖစ္ပါသည္

ထို႔ေၾကာင့္ မိမိကိုယ္မိ္မိ လူေတာ္ဟု အထင္ရိွေနေသာ
လူေတာ္အေပါင္းတို႔
ကၽြန္ေတာ့္ကို ႏွိမ္ၾကပါ။

ေဆးခါး
22.10.2013

5:30 p.m(TDI)