Sep 24, 2015

သမ္မတကြီးဖတ်ဖို့/သမၼတႀကီးဖတ္ဖို ့

ငါတို့မှာ ရှားရှားပါးပါး

သမ္မတကြီး တစ်ယောက်ရှိတယ်
သမ္မတကြီးရဲ့
"မိဘပြည်သူများခင်ဗျာ" ဆိုတဲ့မိန့်ခွန်းမှာ 
ငါတို့အသားတွေပဲ့ပါသွားတာ
သမ္မတကြီး မသိရှာဘူး 
ငါတို့သမ္မတကြီးဟာ ကဗျာမဖတ်
ကဗျာမရေးတတ်တော့ 
ငါတို့ကိုနွားနို့အတင်းသောက်ခိုင်းတယ် 
တကယ်တော့ 
သမ္မတကြီးဟာ ရိုးသားရှာတယ်တဲ့
ငါတို့ကျောင်းသားပြည်သူတွေ
အကြမ်းဖက်ခံရတော့ 
ငါတို့ သမ္မတကြီးဟာ 
ငါတို့ဘက်က မရပ်ခဲ့
သမ္မတကြီးဟာ 
ငါတို့ကိုကြည့်ပြီး ရုံးခန်းထဲ
တရှု ံ့ရှု ံ့သွားငိုနေတယ်တဲ့
ငါတို့သမ္မတကြီးဟာ တကယ်တော့ 
ငါတို့ကိုချစ်ပါတယ်
ကျောင်းသားတွေနိုင်တော့
သမ္မတကြီး မဝတ်ခဲ့တဲ့မျက်နှာဖုံးဟာ
ရက်ရက်စက်စက် ကွာကျသွားခဲ့တယ် 
ငါတို့ဟာ သမ္မတကြီးကိုအားနာမိကြရဲ့
သမ္မတကြီးဟာ 
ငါတို့ကို အကာအကွယ်မပေးနိုင်ပေမယ့်
ကတိကဝတ်တွေကိုတော့
အထပ်လိုက်အထပ်လိုက် ပေးခဲ့တယ် 
ဒါဟာ သမ္မတကြီးရဲ့ 
အတတ်နိုင်ဆုံးစွမ်းဆောင်ရည်ပါပဲ 
ဒါဟာ သမ္မတကြီးရဲ့အနုပညာပါပဲ
ငါတို့နိုင်ငံရဲ့ဥပဒေဟာ 
ငါတို့အတွက်မဟုတ်ကြောင်း
သမ္မတကြီးဟာ မသိခဲ့ရှာဘူး
ငါတို့မျက်ရည် ငါတို့အသံကို
သမ္မတကြီးဟာ
မကြားနိုင်ရှာပါဘူး
အလိုမတူဘဲလက်ထပ်လိုက်ရတဲ့
သတို့သမီးရဲ့ပထမဆုံးမင်္ဂလာ ဦးညလို 
ငါတို့ဟာ ညစဉ်ညတိုင်း
ဖြတ်သန်းနေရ 
ငါတို့မြေကို 
ငါတို့ဟာ ပိုင်ဆိုင်ခွင့်မရ 
ငါတို့ပညာရေး 
ငါတို့ကျန်းမာရေး 
ငါတို့စီးပွားရေး...
စစ်ရေးအမြင်ရှိတဲ့ သမ္မတကြီးဟာ 
ငါတို့လိုအပ်ချက်တွေ
ဖြည့်ဆည်းမပေးနိုင်ပါဘူး
သမ္မတကြီးဟာ ရုပ်သေးရုပ်
သမ္မတကြီးဟာ ကြိုးကိုင်သူ
သမ္မတကြီးဟာ အာဏာရှင်
သမ္မတကြီးဟာ
မိုးပေါ်ထောင်မပစ်တတ်တဲ့စစ်သား 
သမ္မတကြီးဟာ ခရိုနီ
သမ္မတကြီးဟာ သောင်းကျန်းသူ
သမ္မတကြီးခင်ဗျား...
ဒါသမ္မတကြီးရဲ့ မဖြစ်နိုင်ချေရှိတဲ့ မိုးလေဝသပါ 
နားဆင်ပါ.. 
ဒါ ကျောင်းသားကဗျာဆရာတစ်ယာက်ရဲ့ 
အော်ငိုသံပါ သမ္မတကြီးခင်ဗျား...။



ဆလိုင်းမြတ်နိုးသူ

Zawgyi:


ငါတို ့မွာ ရွားရွားပါးပါး
သမၼတႀကီး တစ္ေယာက္ရိွတယ္
သမၼတႀကီးရဲ
"
မိဘျပည္သူမ်ားခင္ဗ်ာ" ဆိုတဲ့မိန္ ့ခြန္းမွာ 
ငါတို ့အသားေတြပဲ့ပါသြားတာ
သမၼတႀကီး မသိရွာဘူး 
ငါတို ့သမၼတႀကီးဟာ ကဗ်ာမဖတ္
ကဗ်ာမေရးတတ္ေတာ့ 
ငါတို ့ကုိႏြားနို့အတင္းေသာက္ခိုင္းတယ္ 
တကယ္ေတာ့ 
သမၼတႀကီးဟာ ရိုးသားရွာတယ္တဲ့
ငါတို ့ေက်ာင္းသားျပည္သူေတြ
အၾကမ္းဖက္ခံရေတာ့ 
ငါတို႔ သမၼတႀကီးဟာ 
ငါတို႔ဘက္က မရပ္ခဲ့
သမၼတႀကီးဟာ 
ငါတို ့ကုိၾကည့္ျပီး ရုံးခန္းထဲ
တရွု ့ရွု ့သြားငုိေနတယ္တဲ့
ငါတို ့သမၼတႀကီးဟာ တကယ္ေတာ့ 
ငါတို ့ကုိခ်စ္ပါတယ္
ေက်ာင္းသားေတြနိုင္ေတာ့
သမၼတႀကီး မဝတ္ခဲ့တဲ့မ်က္နွာဖုံးဟာ
ရက္ရက္စက္စက္ ကြာက်သြားခဲ့တယ္ 
ငါတုိ ့ဟာ သမၼတႀကီးကုိအားနာမိၾကရဲ
သမၼတႀကီးဟာ 
ငါတို ့ကုိ အကာအကြယ္မေပးနိုင္ေပမယ့္
ကတိကဝတ္ေတြကုိေတာ့
အထပ္လိုက္အထပ္လိုက္ ေပးခဲ့တယ္ 
ဒါဟာ သမၼတၾကီးရဲ  
အတတ္နိုင္ဆုံးစြမ္းေဆာင္ရည္ပါပဲ 
ဒါဟာ သမၼတႀကီးရဲ ့အနုပညာပါပဲ
ငါတို ့နိုင္ငံရဲ ့ဥပေဒဟာ 
ငါတို ့အတြက္မဟုတ္ေၾကာင္း
သမၼတႀကီးဟာ မသိခဲ့ရွာဘူး
ငါတို ့မ်က္ရည္ ငါတို ့အသံကုိ
သမၼတႀကီးဟာ
မၾကားနိုင္ရွာပါဘူး
အလိုမတူဘဲလက္ထပ္လိုက္ရတဲ့
သတို ့သမီးရဲ ့ပထမဆုံးမဂၤလာ ဦးညလို 
ငါတို ့ဟာ ညစဥ္ညတိုင္း
ျဖတ္သန္းေနရ 
ငါတို ့ေျမကုိ 
ငါတို ့ဟာ ပိုင္ဆိုင္ခြင့္မရ 
ငါတို ့ပညာေရး 
ငါတို ့က်န္းမာေရး 
ငါတို ့စီးပြားေရး...
စစ္ေရးအျမင္ရိွတဲ့ သမၼတႀကီးဟာ 
ငါတို ့လိုအပ္ခ်က္ေတြ
ျဖည့္ဆည္းမေပးနိုင္ပါဘူး
သမၼတႀကီးဟာ ရုပ္ေသးရုပ္
သမၼတႀကီးဟာ ၾကိဳးကုိင္သူ
သမၼတႀကီးဟာ အာဏာရွင္
သမၼတႀကီးဟာ
မိုးေပၚေထာင္မပစ္တတ္တဲ့စစ္သား 
သမၼတႀကီးဟာ ခရိုနီ
သမၼတႀကီးဟာ ေသာင္းက်န္းသူ
သမၼတႀကီးခင္ဗ်ား...
ဒါသမၼတႀကီးရဲ မျဖစ္နိုင္ေခ်ရိွတဲ့ မိုးေလဝသပါ 
နားဆင္ပါ.. 
ဒါ ေက်ာင္းသားကဗ်ာဆရာတစ္ယာက္ရဲ  
ေအာ္ငုိသံပါ သမၼတႀကီးခင္ဗ်ား...

ဆလိုင္းျမတ္နိုးသူ