Mar 15, 2013

လက်ကျန်မိနစ်တွေနဲ့ဘာမဆိုမျှော်လင့် လို့ရတာပဲ

လက်ကျန်မိနစ်တွေနဲ့ဘာမဆိုမျှော်လင့် လို့ရတာပဲ
ဘုရားစင်ပေါ်မှာပူဇော်ထားတဲ့အမွှေးတိုင်လေးငြိမ်းတော့မယ်
ဘုရား၊တရား၊သံဃာကယ်တော်မူကြပါဗျာ
စကားသံအဆုံးမှာ
အမွှေးတိုင်ထိပ်ကကွေးကောက်နေတဲ့ပြာစတွေကြွေကျသွားတယ်။
စစ်ကလည်းစစ်မလို့
နေရာကလည်းနေရာမလို့
စာအုပ်တစ်အုပ်လုံးမှာလည်းအဆင်မပြေတာတွေချည်းရေးခဲ့လို့
ဒီနေ့နောက်ထပ်စာအုပ်အသစ်တစ်အုပ်ထပ်ပြီးထုတ်ခဲ့ပါတယ်။
ငါပာာမီးကူးလွယ်တဲ့လောင်စာသုံးမရတဲ့ငွေစက္ကူ
စစ်ပြီးခေတ်ကလည်း
ဘာမှမမြင်ရတဲ့ရုပ်ရှင်
ဘာမှမကြားရတဲ့သီချင်း
အခင်းအကျင်းမရှိတဲ့လောကထဲ
ဘာကိုများမျှော်လင့်လို့ရမှာလဲ။
သံသရာကဘယ်လိုလည်လာမှာလဲ။
အရာရာဟာလဝန်းပမာကြာပန်းပမာ
ဂျက်ချလို့မရတဲ့အခန်းထဲကနေ
တိုင်းပြည်အတွက်လက်ကျန်မိနစ်တွေနဲ့
ဘာကိုများမျှော်လင့်လို့ရလည်းဆိုတာ
စောင့်ကြည့်လိုက်ပါအုံးမယ်။ ။

ထွဏ်းသွေးအိမ်