Jul 23, 2012

သမုဒယအကြို

Amisha Patel
မေ့မရဘူးဆိုတာ ချစ်သူ မဟုတ်ဘူး
အချစ်ဖြစ်ရဲ့။
အချစ်က ဘဝထဲကို တောင်ပုံရာပုံံဖြတ်
ငါ့ကို ငါ အရောင်ပြန်ခြယ်နေရတော့
တောတောင်တိမ် လှပုံတောင် မကြည့်ဖြစ်တော့။
ကဲဆို ငါ့အချစ်ထဲ
ချစ်သူက တစ်ခါဖြတ်လျှောက်
ဒီလိုနဲ့ ငါဘဝဟာ ချောင်းပေါက်တော့မယ်။
ညီလေးတို့ရွာကို ဖိတ်ခေါ်ဖို့မကြိုးပါဘူး။
လမ်းဘေးမျက်လှည့်ဝိုင်းတွေ ဝင်မကြည့်ချင်ဘူး။
နေပါစေ
ငါဖာသာ မြင်ကွင်းကို ကျောပေးထိုင်ပစ်တယ်။
နောက်တစ်ကြိမ် လူးလဲ လွန့်လူး မထချင်လို့ ………….။     ။

မောင်နေပြာ
၂၀၊၈၊၂၀၀၂