Jul 22, 2012

အနက်ရောင် ရီနေးဆန့်

သူငယ်ချင်းရေ
ငယ်ကျိုးငယ်နာတွေသာ  မပြုစားနိုင်ခဲ့ရင်
ဇာတိမြို့ဆိုတာ  သူစိမ်းသူရံဆန်နေမှာပေါ့။
တစ်ခါတုန်းက
မင်းဆံပင်ရှည်ကြီးထဲ သဲတွေကျုံးထည့်
ငါ တဟားဟားအော်ရယ်ဖူးတယ်။
ဘိုင်ယန်မြူးနစ် အောင်နိုင်ဖို့အတွက်
အကျီကို အလံလုပ်
ကလင်းစမန်ရေ လုပ်ပါ ဦးပေါ့။
ဆိုရှယ်လစ်သရုပ်ဖော်တွေ အဖတ်များခဲ့လို့လား
အပျက်မလေးနဲ့ ပင့်ကူအိမ်နှောင်ဖွဲ့
မင်းအခြစ်ကို ချစ်ခဲ့ဖူးတယ်။
အိုမာခရမ် ဝင်စားလို့
အရက်စည်တွေ ဖြုန်းတီးခဲ့ပေမဲ့
သမိုင်းကိုတော့ မဖြုန်းတီးခဲ့ပါဘူး
ဖြူတဲ့အသားက နီတဲ့သွေးကို ဖွက်ထားတယ်
မုန်းတိုင်ရဲ့အရိပ်ကို ပန်းပွင့်အပြုံးနဲ့ ဖျောက်ထားတယ်။
မင်းနဲ့ငါ
အိပ်မက်ကို တစ်ကြိုးတည်း ကျစ်ခဲ့တယ်။
ကလိယုဂ်အလွန်မှာ
အလင်းမြစ်ကြီးစီးပါစေ
တတိုင်းမွှေးပန်းများ ပွင့်ပါစေ
အုံ့ပျပျ မိုးသားလွင်ပြင်
အလွမ်းရဲ့ချွတ်နင်းသံ တိုးတိမ်
ပုံရိပ်နွမ်းတွေ အတိတ်ကြိုးငင်ရင်း
ရွက်ကြွေတေလေ ဘယ်ဆီဘယ်ဝယ်
မိုက်မဲကြီးမြတ်တဲ့ ငါ့သူငယ်ချင်းရေ
ကြယ်ခန်းဆီးကို သိမ်းမယ်
ကောင်းကင်မှာ မင်းနာမည်ကို ငါထွင်းမယ်။    ။

အောင်ထိုက်




Black Renaissance


Friend
if the stigma can’t enthrall
hometown will also be like stranger.
At our young age,
put sand and dust on your long hair
I laugh aloud -aloud
Byran Munich, to be winner –up
Wave  the shirt as flag
said ''help me---"
Are Socialist Realism read a lot
bond the web comb with  loose girl
You had loved the scrappy one .
As  you  trace track of-
spend the barrels of wine
but not history.
Fair skin hides red blood in itself
Flower shadow of storm ,is executed with  flower smile
You and me
Twist the dream in one.
Beyond the decadent times,
may flow the river of light
may blossom flower fragrant-on-desire
the hazy plane of rain
track of tragedy fades out.
the foolhardy image, pulling the past
deciduous vagrant, where are you, where
foolish, great my friend
I erase, of course, the star curtain, and
Your name, I do carve on the sky.
(of course) 




Trs;Maung Nay Pyar.
13.12.09[Sunday]
Shwedaung