အပြုံးတစ်ခုက အခြားအပြုံးတစ်ခုပေါ်အထပ်ထပ်လဲကျသလို
ကျေကွဲမှုကနောက်ထပ်ကျေကွဲပေါ် အထပ်ထပ်လဲကျနိုင်တယ်
ဒီနေ့သောက်တဲ့အရက်
နောက်ရက်ထပ်မူးဖို့နည်းနည်းထပ်သောက်ဖို့လိုတယ်။
တစ်ယောက်လက်ကိုတစ်ယောက်လက်ဆွဲနှုတ်ဆက်ကြ
တစ်ယောက်နဲ့တစ်ယောက်အတူယှဉ်တွဲဓာတ်ပုံရိုက်ကြ
တစ်ယောက်နောက်ကြောတစ်ယောက်ဓားနဲ့ထိုးကြ
တစ်ယောက်ကျောကလှေကားထစ် တစ်ယောက်ရေကြ
တစ်ယောက်အပြုံးတစ်ယောက်တက်နင်းကြ
အတူတူသံန္နိဌာန်ပြုကြ
ပြီးတော့အတူတူချိုးဖောက်ကြ
မီးလောင်ရာလေပင့်သလို
လေပင့်ရာလည်းမီးလောင်နိုင်တာမေ့လျော့ထားသလို
အစိတ်အပိုင်းတစ်တစ်ခုက အခြားအစိတ်အပိုင်းတစ်ခုကိုချိုးဖျက်နိုင်တာပဲ
နီရိုးဘုရင်တီးတဲ့တယောထဲ ဝင်ပုန်းနေတဲ့အခမ်းအနားဟာ
အခမ်းအနားတက်သူတွေကိုထားရစ်ပြီး
အခမ်းအနားအစမှာ
အခမ်းအနားတက်သူတွေကိုကျောခိုင်း
သနားသလိုကြည့်ပြီးထွက်သွားလေရဲ့။
အခမ်းအနားတက်သူတွေပြောကြတာက
အခမ်းအနားမပြီးသေးဘူးတဲ့။
မင်းသူအောင်