ဘ၀ အပိုင်းအစများ

၁၉၇၇ ခုနှစ်နိုဝင်ဘာလ(၂၂)တွင် မိတ္ထီလာမြို့မှာ အဖဦးကျော်အုန်း အမိဒေါ်ခင်သန်းတို့မှဖွားမြင်သည်။ ၁၉၈၃ခုနှစ်မိတ္ထီလာမြို့ အ၊မ၊က(၁၆) တွင်မူလတန်းပညာကို စတင် သင်ကြားသည်။သူငယ်တန်း၊ဒုတိယတန်း နှင့် စတုတ္ထတန်းအတန်းပိုင် ဆရာမဖြစ်သောဒေါ်စန်းစန်းဝေမှာ ကန့်ကူလက်လှည့်ဆရာမဖြစ်သည်။ကျောင်းအုပ်ကြီး မှာ  ဦးရာမြင့် ဖြစ်သည်။
           
၁၉၉၈ခုနှစ်မှ စတင်ကာ မိတ္ထီလာမြို့အ၊ထ၊က(၄)တွင်အလယ်တန်းပညာကိုသင်ကြားသည်။ကျောင်းစတက်ပြီးမကြာမှီ ကျောင်းများရက် အကန့်အသတ်မရှိပိတ်သည်ဆိုသောကြောင့်အလွန်ပျော်ရွှင်ခဲ့ဖူးသည်။

၁၉၉၁ခုနှစ်၈လပိုင်း၆ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင် ဇန်(ထီလာ)ဆိုသောအမည်ဖြင့် ဟာသတိုလေးတစ်ခုဖော်ပြခံရသည်။၈တန်းစာမေးပွဲအားအစိုးရစစ်မှ ကျောင်းစစ်သို့ပြောင်းသောကြောင့်စိတ်ညစ်ခဲ့ရသည်။မိတ္ထီလာ မြို့တော်ခမ်းမတွင်ဦးအောင်သင်း၊ နုနုရည်(အင်းဝ)၊မောင်စိန်းဝင်း(ပုတီကုန်း)တို့၏ စာပေဟောပြောပွဲကို ပထမဦးဆုံးအကြိမ်နားထောင်ရသည်။ 
  
၁၉၉၃တွင်မိတ္ထီလာမြို့အ၊ထ၊က(၁)သို့ ပြောင်းရွေ့ပညာသင်ကြားသည်။ပထမဦးဆုံးကျောင်းတက်သောနေ့တွင်စုဝေးခန်းမထဲတွင်တွေ့ရသော ကျောင်းအုပ်ကြီးအဆက်ဆက်နှင့်ထူးချွန်သောကျောင်းသားများ ကို အားကျမိသည်။ အ၊ထ၊က(၁)စာကြည့်တိုက်ကို ဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်ပါ။ ၉တန်းတစ်နှစ်လုံးစာတွေ သိမ်းကြုံးဖတ်မိသည်။ (၁၀)တန်းတွင် မြန်မာစာဆရာဦးအေးငွေ၏ အသင်အပြကို စွဲလမ်းနှစ်သက်မိသည်။ဆရာဦးအေးငွေသည်အငုံ(ထီလာ)ဟူသော ကလောင်ဖြင့် ကဗျာများရေးကာ အမျိုးသားစာပေဆုပင်ရရှိခဲ့ဖူးသည်။ ဆရာ့ကဗျာထဲမှ
"လှိုင်းပုတ်တိုင်းသာကမ်းပါးပြိုမူဘယ်မှာမြေကြီးကျန်မည်နည်း"
ဟူသောအပိုဒ်မှာလူသိများကျော်ကြားလှသည်။(၁၀)တန်း စာမေးပွဲ မဖြေခင်ဆရာသည်နဂါးလည်အ၊ထ၊ကသို့ ပြောင်းရွေ့တာဝန် ထမ်းဆာင်ရသည်။ ဆရာ့အကြောင်းကို၁၉၉၆ခုနှစ်(၁)ထုတ် မင်္ဂလာမောင်မယ်၌ချီးကျုးရေးသားဖူးသည်။ ၁၉၉၅ခုနှစ်(၁၀)တန်းစာမေးပွဲကို၎င်းအ၊ထ၊က(၁)မှခုံနံပါတ်(၅၂၂)ဖြင့်ဖြေဆို အောင်မြင်သည်။

(၁၀)တန်းနှစ်တွင်“မော်ဒန်ကဗျာ”ဟူသော အမည်ဖြင့် ကဗျာစာအုပ် ထုတ်ဝေပြီးနောက် အားလပ်ရက်တွင် ခရိုင်ပြန်ဆက်စာကြည့်တိုက်သို့ သွားကာစာတွေဖတ်ဖြစ်ခဲ့သည်။ချီကွေဗားရား၊ နစ်ဆင်၊ဟင်နရီကစ်ဆင်းဂျား၊ ဦးသန့်၊သမ္မတအာဆတ် စသောနိုင်ငံရေးစာပေများ၊ဇော်ဇော်အောင်၏ မော်ဒန်စာပေသဘောတရားစာအုပ်များ၊မောင်စွမ်းရည်၊နွယ်သစ်၊ မောင်ခင်မင်(ဓနုဖြူ)၊မြဇင်စသော စာရေးဆရာများ၏ မြန်မာစာပေနှင့်နွယ်သောစာအုပ်များ ပွင့်၊ငါတို့ခေတ်နှင့်အပြိုင်၊ ငမဲကျွန်၊အာကာကို လွှာပုံပြုပါလို့၊ မိုးကြယ်မို့လားနှင့်အခြားဝတ္ထုတိုများ၊ မြန်မာပြည်သား၊သေသော်မှတည့်သြော်ကောင်း၏စသောလုံးချင်းဝတ္ထုများ၊မြဝတီ၊ ငွေတာရီ၊ မြက်ခင်းသစ်၊ရုပ်ရှင်တေးကဗျာ၊မဟေသီစသော မဂ္ဂဇင်းများဖတ်ရှုခဲ့ရတာကို မှတ်မိနေမိသည်။

၁၉၉၆ နိုဝင်ဘာလ၁၈ရက်နေ့တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ စတင်ရောက်ရှိသည်။ အခန်းဖော်ယူလာပေးသော“လမ်းဆုံ”ကဗျာကိုအင်္ဂလိပ်လိုပြန်ဆိုရာမှ မင်းစစ်အိမ်၊သုသစ်တို့ နှင့် ရင်းနှီးရသည်။ အတန်းကြီး ကျောင်းသားများဖြစ်သော နီဝင်းချို၊ ၊ စိုင်းလုံခမ်း၊အကြင်နာ(ကျိုက်ထို)တို့နှင့်ရင်းနှီးကာ“သွန်းလက်”စာစောင်၌်“ချစ်သူ့သစ်ပင်” စာညွန့်တစ်ပုဒ်ကို "မောင်နေပြာ" ကလောင်ဖြင့်ဝင်ရေးရာမှ မောင်နေပြာ အမည် ဖြစ်လာသည်။

ထို့နောက်တွင်စာအုပ်ပေါင်း(၁၈)အုပ်တိတိ ထုတ်ဝေခဲ့သည်။ပထမနှစ်မှနောက်ဆုံးနှစ်ထိ “ပန်းလှေ”နံရံကပ်စာစောင် စီစဉ်ကာ စာအုပ်အဖြင့်လည်းထုတ်ဝေခဲ့သည်။

The Light of Englishနှင့်English for All တို့တွင်ဘာသာပြန်ကဗျာ၊ဆောင်းပါးများဖော်ပြခံရသည်။ စတုထ္တနှစ်တွင်တက္ကသိုလ်စာပေအနုပညာအသင်း အတွင်းရေးမှုးအဖြစ်တာဝန်ပေးအပ်ခံခဲ့ရသည်။ နှစ်လည်မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ တွဲဖက်အတွင်းရေးမှုးအဖြစ်လည်း ထမ်းဆောင်ခဲ့သည်။ တက္ကသိုလ်တက်နေစဉ်အတွင်း ပျဉ်းမနား၊တပ်ကုန်းမြို့များမှစာရေးဆရာများနှင့် ဆွေးနွေးရင်းနှီးခွင့်ရခဲ့သည်။ ထိုစာပေ ဟောပြောပွဲများသို့ သွားရောက်ကာ ဂျူး၊မင်းခိုက်စီုးစံ၊သုမောင်၊ကြည်စိုးထွန်း၊ဆွေဇင်ထိုက်၊ကာတွန်းကံချွန်၊နေဝင်းမြင့်၊ မောင်ရင့်မာ (ကျောင်းကုန်း)တို့ဟောပြောချက်များကိုနားထောင်ခွင့်ရခဲ့သည်။တက္ကသိုလ်တွင်ဒေါက်တာကျော်စိန်၊ ကိုတာ၊တာရာမင်းဝေတို့၏ ဟောပြောပွဲကျင်းပနိုင်ခဲ့သည်။၂၀၀၂ခုနှစ်တွင်ကျောင်းပြီးသည်။

၂၀၀၃ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့တွင် မြန်မာစိုက်ပျိုးရေးလုပ်ငန်း၊ ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်မန်နေဂျာရုံးတွင်ဒုလ/ထကြီးကြပ်ရေးမှုး ဖြင့်အစိုးရဝန်ထမ်းဘဝကိုစတင်သည်။ခွန်ဇော်(ဟိုပုံး)နှင့်တွေ့ဆုံခွင့်ရသည်။

၂၀၀၄ခုနှစ်တွင်ရာထူးဝန် စာမေးပွဲအောင်မြင်ကာ ဒီဇင်ဘာ ၁၅ တွင်မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှပြောင်းရွေ့သည်။ခင်ဇော်မြင့်၊ထွဏ်းသွေးအိမ်စသော မန္တလေးသား ကဗျာဆရာများနှင့်တွေ့ဆုံခွင့်ရသည်။

၂၀၀၄ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် အမှတ်(၁)စက်မှုဝန်ကြီးဌာနသို့ လက်ထောက်မန်နေဂျာ ရာထူးဖြင့် စတင်တာဝန် ထမ်းဆောင်သည်။အောင်လံရွေပန်းတောလေးဝါစိုက်ခင်းသို့ ၂၀၀၄ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့တွင် စတင်ရောက်ရှိသည်။ ညီမှုးအိမ် (အောင်လံ)၊လိုင်ကုန္န၊ကိုဖုန်း၊မောင်ကြည်သွင်စသော အောင်လံမြို့ခံစာရေးဆရာများ၊မိုး(သရက်)။ပိုင်စိုးဦး(သရက်)စသောသရက်မြို့ခံစာရေးဆရာများနှင့် တွေ့ဆုံခွင့်ရသည်။

၂၀၀၅ခုနှစ်တွင် ၎င်းတို့နှင့်အတူ “မိုင်တိုင် အမှတ် ၂၂၃”ကဗျာစာအုပ်ကို ထုတ်ဝေသည်။အနုပညာအရမအောင်မြင်သော်လည်း စာပေမှတ်တိုင်တစ်ခု တင်ကျန်ရစ်သည်။

၂၀၀၇ခုနှစ်သြဂုတ်၁ရက်နေ့တွင် ရွှေတောင်အဆင့်မြင့်ချည်ထည်နှင့်အချောကိုင်စက်ရုံသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင် ရသည်။မှုးဆက်ပိုင်(ရွှေတောင်)၊အောင်ထိုက်၊ ကိုဆွေ၊တိုးနှောင်မိုး၊ဇော်ရေးထင်၊မျိုးငြိမ်းဇော် စသောပြည်မြို့ခံစာရေးဆရာများနှင့် ခင်မင်ခွင့်ရရှိခဲ့သည်။ချစ်ဦးညို၊ကျော်သက်ခိုင်(ဆေးတက္ကသိုလ်)၊မောင်လှမျိုး(ခြင်းချောင်းခြံ)၊ယဉ်မင်းဦး(ဆေးတက္ကသိုလ်)၊မောင်သာချို၊၊လယ်တွင်းသားစောချစ်တို့၏ စာပေဟောပြောပွဲများ နားထောင်ခွင့်ရ သည်။

၂၀၁၀ခုနှစ်ဇူလိုင်၂၁ရက်နေ့တွင်ချည်မျင်နှင့်အထည်စက်ရုံ(ပွင့်ဖြူ)သို့ ပြောင်းရွေ့ တာဝန်ထမ်းဆောင်ရသည်။ဦးသုမင်္ဂလ၊ ရိုးကိုလေးခါ်မြင့်လွင်ဦး(ပွင့်ဖြူ)၊ဌေးကြည်(စလင်း)၊စလင်းမြို့တွင် သန်းထွဏ်းဦး၊တောင်တွင်းကြီးမြို့တွင်ဆေးခါး၊နေပန်ဦး၊ရာမျိုး၊ အိမ့်ဒီဝဏ်တို့နှင့်တွေ့ဆုံခွင့်ရသည်။လယ်ကိုင်းတွင်အော်ပီကျယ်၊သန်းမြင့်အောင်တို့၏ဟောပြောပွဲ နားထောင် ခွင့်ရသည်။

၂၀၁၂ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင် အစိုးရအရာရှိဘဝကိုမနှစ်မြို့သောကြောင့် စွန့်လွတ်ခဲ့သည်။

နိုင်ငံတကာအဖွဲ့အစည်းများတွင် ဝင်ရောက်လုပ်ကိုင်ရင်း ပြည်သူဘဝတိုးတက်စေရေးဆောင်ရွက်ရန်၊ မိမိဝါသနာပါသောစာဖတ်ခြင်း၊စာရေးခြင်း၊စာသင်ခြင်းများကိုတစောက်မတ်မတ်ဆောင်ရွက်ရန် ရည်ရွယ်ခဲ့သည်။အရာထမ်းဘဝကိုစွန့်လွတ်ပြီးနောက်နိုင်ငံရေးပါတီများတွင် ဦးဆောင်လှုပ်ရှားပြီး၊သတင်းရေးသားခဲ့သည်။တက္ကသိုလ်ဝင်တန်းနှင့်အခြေခံ ပညာကျောင်းသား/သူများကို Private Tutor အနေဖြင့်သင်ကြားခဲ့သည်။ ကွန်ပြူတာသင်တန်းများသင်ကြားခဲ့သည်။

၂၀၁၂စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်တို့တွင်NGOs ဝန်ထမ်းအဖြစ်ဝင်ရောက် လုပ်ကိုင်သည်။ 

၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကျရောက်သော ရေဆင်းစိုက်ပျိုးရေ့းတက္ကသိုလ် ဧ။် နှစ် (၉၀) ပြည့် နဝရတ် ရတု အတွက် "အဖြူရောင်စိမ်း "ကဗျာစုစည်းမှု ထုတ်ဝေခဲ့သည်။ ကဗျာရေးသူ (၂၅) ယောက် ကဗျာ အပုဒ် (၄၀) ပါဝင်သည်။