Showing posts with label သုသစ်. Show all posts
Showing posts with label သုသစ်. Show all posts

Mar 4, 2013

ဝါကျတစ်ကြောင်းရဲ့ ခရမ်းရောင်(၃)

ရွာပြီဆိုကတည်းက မိုးမှန်းသိတဲ့ကောင်ပါ
မြစ်လို ပင်လယ်လို စီးဆင်းမပေးနိုင်ခဲ့တာက လွဲလို့

အဓိပတိလမ်း ရေတံမာတန်းမှာ
ချစ်သူတွေရဲ့ မဟာအနမ်းလည်း ရှိဦးမယ်

ရေနံ့သာမလေး အဆောင်ဘေးမှာ
ကြွေချင်တဲ့ကြယ် တေးလည်း ရှိဦးမယ်

နှစ်ဆယ့်လေးနာရီ အဆောင်မှူးမှာ
ကော်ပီမကူးရတဲ့ လက်မှတ်တွေလည်း ရှိဦးမယ်

စာသင်ခန်းနောက်ဆုံးတန်းမှာ
ပင်ပန်းလို့ကို မ၀နိုင်တဲ့သူတွေလည်း ရှိဦးမယ်

ညစာစားပွဲနံရံကပ်မှာ
မောင်နေပြာရဲ့အန်ဖတ်တွေလည်း ရှိဦးမယ်

ရှုထောင့်ကဖီး ကိုထွန်းမောင်မှာ
အိမ်တဆောင်မီးတပြောင် အပေါင်လက်မှတ်တွေလည်း ရှိဦးမယ်

န၀င်းသူအဆောင်ဝမှာ
တောင်စဉ်ရေမရ တန်းစီနေကြသူတွေလည်း ရှိဦးမယ်

ကောက်ညှင်းနွေး နံနက်ခင်းမှာ
အထွက်ကျဆင်းမဲ့ လယ်ကွက်တွေလည်း ရှိဦးမယ်

အခန်းနံပါတ်သုံးဆယ့်ခြောက်မှာ
ဟိုးတုန်းက မီးတောက်တွေလည်း ရှိဦးမယ်

ရွာပြီဆိုကတည်းက မိုးမှန်းသိတဲ့ကောင်ပါ
ခရေလို စပယ်လို ပွင့်မပေးနိုင်ခဲ့တာက လွဲလို့

အက္ခရာနဲ့ နှိုး
ခေါင်းလောင်းကိုတော့
ထိုး ခဲ့တယ်။ ။


သုသစ်