Jul 6, 2012

ချစ်သူမရှိတဲ့ အိမ်ကလေး

ချစ်သူမရှိတဲ့ အိမ်ကလေး

လမ်းမပေါ်က အလင်းတွေ
စကာချထားသလို ငါ့ရင်ထဲဝင်လာခဲ့
အိမ်ရှေ့က စပယ်ရုံ
ပိုင်ရှင်ကို ငံ့လင့်သလိုလို
တိုးဝှေ့လာတဲ့ လအလင်းရောင်ကြောင့်
ငါမျက်ရည်စက် ပိုလင်းလက် တောက်ပြောင်စေခဲ့သလား။

မင်းမရှိတော့
ခန်ဆီးစလည်း လေမဝှေ့
ငါအလွမ်းတွေလည်း တမြေ့မြေ့
ငါအိပ်မပျော်ရခြင်း အကြောင်း
ယခင်လို မနက်အိပ်ရာထမှာ
ကြွရုပ်ကလေး မတွေရတော့တဲ့ အကြောင်း
အပေါ်ထပ်ကို မျှော် ကြည့်ပေမဲ့
အာသာမပြေရတဲ့ အကြောင်း
ငါ့ချစ်သူအိပ်လေးက သိမှသိပါလေစ။ ။

မောင်နေပြာ