Jul 4, 2012

ဂုဏ်သိက္ခာ





“ဂုဏ်သိက္ခာ”
         

      ဒီစကားလုံးလေးကို အမြဲကြားနေကြပါ ။သိပ်မကြာခင်ကာလကမှ အလေးအနက်ထား စဉ်းစားမိသည်။
 ဆရာချစ်ဦးညိုရေးတဲ့ “အမေ နှင့် တွေ့ဆုံ ခြင်း ”စာအုပ်မှာ သူ့ဖခင် ဦိးရွှေဒေါင်းညို ရဟန်းဘ၀မှထွက်တော့သိက္ခာမကျဘူးရေးထားတာတော်တော်ခံစားမိသည်။
မိမိတွေးထားမိတာ နဲ့ အံဝင် ခွင်ကျ ဖြစ်နေတော့အတွေးစတွေ  ဆွဲထုတ်မိသည်။

“ဂုဏ်သိက္ခာ”ကို မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ integrity, dignity လို့ ဖွင့်ဆိုထားသည်။
integrity ကို Oxford Advanced Learner's Dictionary (8th edition ) မှာ  
(n) quality of being honest and having strong moral principles  
ရိုးသားမှု နှင့် ခိုင်မာသောစိတ်ဓာတ် အမူအကျင့်၏ အရည်အချင်းလို့  အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
Mac Milan English Dictionary for Advanced Learners(2ndedition) မှာတော့  
the quality  0f always behaving according to the moral principles that you believe in, so that people respect and trust you .
လူအများက ယုံကြည်လေးစားစေရန် သင်ယုံကြည်သလို စိတ်ဓာတ်အမူအကျင့်အရ အမြဲကျင့်ကြံအားထုတ်သောအရည်အချင်းလို့ အဓိပ္ပာယ်ဖော်ပြထားသည်။
dignity ကိုမူ ၄င်း အဘိဓာန်မှာပဲ
(n) the impressive behavior of someone who controls their emotion in difficult situation 
ခက်ခဲတဲ့အခြေအနေမှာ သူတို့ရဲ့စိတ်ခံစားမှုတို့ ထိန်းချုပ်သော လူတစ်ဦးတစ်ယောက်ရဲ့ အထင်ကြီးလေးစားဖွယ် အပြုအမူလို့ ဆိုပါသည်။
            
ဒီဖွင့်ဆိုချက်တွေဟာ ထိရောက်ပေမယ့် အကုန်လုံးမခြုံငုံမိသေးပါဘူး။
“ဂုဏ်”ဆိုတာ ပါဠိစကားလုံး“ဂုဏ”ကလာပြီးသိက္ခာက“သေက္ခ”ကလာပါသည်။
“ဂုဏ”ဆိုတာအရည်အချင်း quality ဖြစ်ပြီး“သေက္ခ”ကတော့practiceဖြစ်ပါသည်။
ပြောရရင်qualityofpractice ပေါ့။
ဘာတွေလေ့ကျင့်ရမလဲ။အလေ့အကျင့်ရဲ့အရည်အချင်းတွေကဘာတွေလဲ။

“လေ့”ရမှာတွေက စိတ်ကူးတွေ၊ တွေးဆမှု့တွေ ၊ပြောဆိုမှု နှင့်လှုပ်ရှားမှုအပြုမူတွေပဲ ဖြစ်ပါသည်။  ပါဋ္ဌိလိုဆိုရရင် မနော၊ ၀စီနှင့် ကာယပဲပေါ့။ 
မနောကံ၊ ၀စီကံနှင့်ကာယကံတွေကိုစောင့်ထိန်းနိုင်ရင်တော့ moral principles တွေရပြီပေါ့ ။ဒါဟာအခြေခံဂုဏ်သိက္ခာ ပါပဲ ။ အရပ်ထဲမှာ ပြောနေကြတဲ့ “ဒီလူ သိက္ခာ မရှိဘူး”၊
“ဒါဟာသိက္ခချတာပဲ”လို့ဆိုဆိုနေကြတာ ဒီအခြေခံ ဂုဏ်သိက္ခာပဲ။
ဒါကိုပဲစောင့်ထိန်းရှောင်ကြည်မှု ဂုဏ်သိက္ခာ ၊ သီလသိက္ခာလို့ ခေါ်ပါသည် ။ 
ဂုဏ်သိက္ခာမှာ အဆင့် (၃) ဆင့်ရှိပါသည်။
သီလသိက္ခာ ၊ သမာဓိသိက္ခာ၊ပညာသိက္ခာတွေပါပဲ။
ဒီသိက္ခာသုံးရပ်ဟာ ပိရမစ်ပုံတည်ဆောက်ထားပါသည်။ အောက်ပါပုံကို ကြည့်ပါ။

ပညာ

သမာဓိ

သီလ

           သီလသိက္ခာ လေ့ကျင့်မှု့ အဆင့်က ကြိုစားအားထုတ်မှု့အဆင့်ပါ။
 လေ့ကျင့်မှု၊ကြိုးစားမှု့ ကောင်း ရင်တည်ငြိမ်မူ့၊စောင့်ထိန်းမှုသဘောရောက်လာပါပြီ။
ခဏတာစောင့်ထိန်းမှု့ကနေစောင့်ထိန်းစရာ မလိုလောက်အောင်ရောက်လာရင်တော့
ပွင့်လင့်မှု့(epiphany)သဘောနှင့်သိမြင်မှု့(enlightenment) သဘောရောက်ပြီပေါ့။
တည်ငြိမ်စောင့်ထိန်းမှု့အဆင့်ကိုသမာဓိသိက္ခာလို့ဆိုရမည်။
“မုဒုလက္ခဏ” ဇာတ်တော် မှာစောင့်ထိန်းမှု့ယိုင်ယွင်းလို့တောမှီရသေ့ဟာသီလသိက္ခာကို
ပြန်စောင့်ထိန်းရတဲ့လေ့ကျင့်ရတဲ့အဆင့်ထိ   လျှောကျခဲ့ရသည်။
သိက္ခာသုံးပါးဟာတွဲဖတ်မှီခိုနေတာပါ။
အောက်ကနေပေါ်သာမက အပေါ်ကနေအောက်ကို လည်းအားထားမှီခိုနေတာပါ။
ဒါကိုသတိထားဖို့လိုပါသည်။
                        
ဒုတိယ အဆင့် သိက္ခာကနေ အမြင့်ဆုံးအဆင့်၊စောင့်ထိန်းစရာမလိုတဲ့ အဆင့် ရောက်ပြီဆိုရင်အရာရာဟာသိသာမြင်သာလာမည်၊။နားလည်ခွင့်လွတ်နိုင်မည်။
တမင်လုပ်ဆောင် နေစရာမလို ပါ။
“ဂုဏ်သိက္ခာ”ကိုစောင့်ထိန်းလေ့ကျင့်ရတာဟာအလုပ်ဖြစ်ပြီးအသိ၊ပညာဟာအကျိုးဖြစ်သည်။
လယ်ယာမြေကောင်းတွေမှာ မျိုးစေ့ကြဲဖို့ရာမှာမိမိတာဝန်ဖြစ်ပြီး အပင်ပေါက်၊သီးပွင့်လာဖို့ဟာ သစ်ပင်၏ တာဝန်ဖြစ်သည်။
သီလသိက္ခာသည်ဓာတ်မီးခလုတ်ကိုနှိပ်ခြင်း၊သမာဓိသိက္ခာဟာအလင်း ရောင်ရဖြင်းဖြစ်ပြီး 
 ပညာသိက္ခာသည် သိမြင်နားလည်ခြင်းဖြစ်ခြင်း ပင်ဖြစ်တော့သည်။
       
ယခုခေတ်မှာအနောက်နိုင်ငံများတွင်ပညာတတ်သည် ဆိုသောလူတို့်သည်
 ဖောက်ပြန်မှားယွင်းနေကြ သည်။
၎င်းပညာရှိသည်အကျင့်နှင့်စောင့်ထိန်းမူ့အပေါ်အခြေမခံသောကြောင့်ဖြစ်သည်.။
 ဦးကျော်ဒင်သည်   ခေတ်ပညာ၊ရှေးပညာမတတ်ပါ။
ကိုယ်၊စိတ်နှလုံး၊နှုတ်သုံးပါးကိုလေ့ကျင့်လာသောကြောင့်အလေ့အကျင့်ကောင်းမှသည်
စောင့်ထိန်းမှု့၊ တည်ငြိမ်မှု့ကို ရကာနောက်ဆုံး စွန်းလွန်းဂူဆရာတော်ဦးက၀ိဖြစ်သောအခါ အသိရောအမြင်ပါပွင့်လင်းလာတော့သည်။၎င်းသည်အမြင့်ဆုံးအဆင့်ပင်ဖြစ်တော့သည်။
ခက်ခဲနက်နဲသော ဗုဒ္ဓ အဘိဓမ္မာများကိုကြေညက်တော့သည။်
Sir Alfred Nobel သည်ပညာတွေအဆင့်ဆင့်မြင့်တက်ပြီးနောက် ၄င်းအကျိုးကို
သိမြင်ကာဆေးပညာ၊ စာပေ ၊ဓာတုဗေဒ နှင့်ရူပဗေဒ၊ ငြိမ်းချမ်းရေးစသောနယ်ပယ်တွေ အတွက်အကျိုးရှိမည့်  N၀bel ဆုကို တီထွင်ပေးအပ်ခဲ့သည်။
လူဟာ လူသားကောင်းကျိုးကို လုပ်ရမည် ဆိုသည့် အမူအကျင့်သီလကို 
တဖန် ပြန်လည်သိမြင်လာခြင်းဖြစ်ပင်ဖြစ်သည်။
 သိက္ခာတွေထဲမှာ အခြေခံအကျဆုံးအလုပ်ပဲဖြစ်သည်။ 
ကိုယ်၊စိတ်နှလုံး၊နှုတ်သုံးပါးလုံးသည်သူတစ်ပါးအကျိုးယုတ်အောင၊်မိမိသူတပါးအကျိုးမယုတ်အောင်၊
 မိမိကိုယ်တိုင် လည်း အကျိုးမယုတ်အောင် စောင့်ထိန်းရမှာပေါ့။

လူတစ်ယောက် တွေးတာ၊ပြောတာ၊တွေးတာတွေဟာ သူတစ်ပါး အကျိုးယုတ်ဖို့ မဟုတ်ဘူးဆိုတာ
ပတ်ဝန်းကျင် က လက်ခံယုံကြည်လာပြီဆိုရင် ဒီလူမှာ ခိုင်မာတောင့်တင်းသော 
ဂုဏ်သိက္ခာရှိပြီ။
ဒီလို အမျိုးကောင်းသား၊အမျိုးကောင်းသမီးတွေကမ္ဘာမှာရော၊ မြန်မာမှာပါ အများကြီးပါ။
ကိုကျော်သူလိုပေါ့။သူတို့ မရှိတော့ရင်တောင်မှ ရင်ထဲမှာ မြတ်မြတ်နိုးနိုး ထိန်းသိမ်းထားမှာပါ။ သူလိုလူတွေ ကျွန်တော်တို့ မြန်မာ လူ့အဖွဲ့အစည်းမှာ အများကြီးရှိပါတယ်။
သူတို့သည်ပညာလင်းပွင့်မှုတွေထိမရောက်သေးပေမယ့်တစ်နေ့တော့ မလွဲမသွေရောက်ကြမှာပါ 
ပါရမီရှင်၊သူတော်ကောင်း၊အာဇာနည်ဆိုတာတွေဟာဂုဏ်သိက္ခာနဲ့ သွေးအုပ်စု
တူတဲ့ သူရဲကောင်းတွေပါ။ 

ဗိုလ်ချုပ်အောင်းဆန်းကို ကျွန်တော်တို့ ထာဝရ မြတ်နိုးခဲ့၊မြတ်နိုးဆဲ၊မြတ်နိုးနေဦးမှာပါ။
ဗိုလ်ချုပ်အောင်ဆန်း သည် 
ဂုဏ်သိက္ခာ မြင့်မားမှု ရဲ့ အဓိက ပြယုဂ်လို့ပဲ 
ဆိုချင်ပါတော့သည်။
ကျွန်တော်တို့ညီအစ်ကိုမောင်နှမအားလုံးအတုယူလေ့ကျင့်စောင့်ထိန်းသင့်ပါသည်။

လင်းပွင့်မှု  ပညာသိက္ခာကတော့  လာပါလိမ့်မည်။


မောင်နေပြာ