Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Jul 5, 2012

နိုင်ငံရေးသမား

ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအခြေအနေလေး တိုးတက်ပြောင်းလဲလာတော့ လူငယ်လူရွယ်တွေ နိုင်ငံရေးဘက် စိတ်ဝင်တစား ရှိလာကြသည်။ “လူငယ်တွေ နိုင်ငံရေး၊အမျိုသားရေးဘက်မှာ ပါဝင်ကြပါ။  လူမှု အဖွဲ့အစည်းတွေမှာ ၀င်ရောက် လုပ်ကိုင်ကြပါ။ ဒီလို အဖွဲအစည်းတွေမှာ လူငယ်တွေ အများကြီးလိုပါတယ်။” လို့ ပြောဆိုနေတာတွေ ခဏခဏ ကြားနေရပါသည်။ “လူငယ်တွေကို သင်ကြားပေးရမယ်။ လက်ဆင့်ကမ်းပေးရမယ်။ လက်တွဲခေါ်သွားရမယ်။” လို့လည်းပြောနေကြတာပါပဲ။ တစ်နေ့ တက္ကသိုလ်ကျောင်းသားလေးတစ်ယောက် ပါတီရုံးရောက်လာသည်။ Internet ၊E-mailတွေ သင်ချင်လို့ပါတဲ့။ လူကြီးတွေ တစ်ယောက်မျက်နှာတစ်ယောက်   ကြည့်ကုန်ကြပြီ။ ဘယ်လို လုပ်ရမလဲပေါ့။

လူငယ်တွေ ပါတီတွေထဲဝင်ကြ၊ NGOs တွေထဲဝင်ကြ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ(Civil Societies) ထဲဝင်ကြနဲ့ တက်တက်ကြွကြွ လှုပ်ရှားနေကြတာ ကိုယ်ပတ်ဝန်းကျင်မှာရော ၊ သတင်း မီဒီယာ တွေ မှာပါ တွေ့နေမြင်နေကြပါသည်။ လူငယ်တွေ ၀င်ရောက်လှုပ်ရှားနေတာကို အဆင်ပြေရဲ့လား ၊ပြေမှပြေပါ့မလား လို့ စစ်ကြောမိသည်။ မကြာသေးမီကမှ ပြုလုပ်တဲ့ နိုင်ငံရေး ပါတီတစ်ခု ၏ မြို့နယ်အစည်းအဝေးတစ်ခုမှာ လက်ရှိ စည်းရုံးရေးကော်မတီဝင်လူကြီးတစ်ဦးက “လူငယ်တွေက လူကြီးတွေကို လေးလေးစားစားဆက်ဆံ သင့်သလို၊ လူကြီးတွေကလည်း လူငယ်တွေကို လှိုက်လှိုက်လှဲလှဲ လက်ခံကြိုဆိုသင့်တယ်” လို့ ပြောတာ ကြားရ ပါသည်။ မင်္ဂလာ ရှိတဲ့ စကားပါပဲ။

လူငယ်တွေက အများအားဖြင့် ရိုးသားကြသည်။ တက်ကြွကြသည်။ အလုပ်လုပ်ကြသည်။ ဒါကို လူကြီးတွေ သိထားရုံသာမက အမြဲသတိထားနေရမယ်။ လူငယ်တွေကို စိတ်ပျက်အောင် မလုပ်သင့်ဘူး။ နိုင်ငံရေးလောကကို သေးသိမ်အောင်မလုပ်သင့်ဘူး။ အဖွဲ့အစည်းစိတ်ဓာတ်ပျက်ပြားသွားအောင် မလုပ်သင့်ဘူး။ မှားနေရင်တောင် အကျိုးသင့် အကြောင်းသင့် ပြောဆိုသင့်ပါသည်။ ဒါပေမဲ့ တချို့လူကြီးတွေက ဘာတွေ မလုပ်ရဘူး၊ညာတွေ မလုပ်ရဘူး။ ဟိုကာ ဒီကာ လုပ်ချင်ကြသည်။ တစ်ခါလာ ဟိုဝိတ်နဲ့ ဖိ၊တစ်ခါလာ ဒီဝိတ်နဲ့ဖိ လုပ်ချင်ကြသည်။ ဒါမရိုးသားမှု၊ အမြင်မကျယ်မှု၊ပွင့်လင်းမြင်သာမရှိမှုပဲ။ ဒီမိုကရေစီ နိုင်ငံသစ်ဆီ သွားဖို့ဆိုတာ အမြင်ကျယ်ဖို့ လိုသည်။အသိတရား ရှိဖို့လိုသည်။ အသိပညာ အခြေခံသည့် လူ့အဖွဲ့အစည်းကသာ အနှစ်သာရ ပြည့်ဝသော ဒီမိုကရေစီကို ကျင့်သုံးနိုင်မှာပါ။ ဒီမိုကရေစီဆိုတာ ပြည်သူဆန္ဒဦိးစားပေးသော စနစ်ပါ။ အသိပညာ ရှိသော အများလက်ခံသော လူနည်းစု အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်(Personnel)
(အုပ်ချုပ်သူမဟုတ်ပါ)ကို ပြည်သူလူထု အများကထိန်းကျောင်းပေးသော စနစ်သာဖြစ်သည်။ လူများကြိုက်ဝါဒမဟုတ်ပါ။ လူညီ၍ ဤကို ကျွဲ ဖတ်မရပါ။ ထိုသို့ဆိုလျှင် ဒီမိုကရေစီသည် လူပြိန်းကြိုက်ဝါဒ ဖြစ်ပါလိမ့်မည်။ ဒီမိုကရေစီသည် လူပြိန်းကြိုက်ဝါဒ မဟုတ်ပါ။

ဒီမိုကရေစီ စနစ်မှာ လူအများစုက(Majority) အသိတရား အခြေခံတွေ ပြည့်ဝနေရမည်။ အထူးသဖြင့် နိုင်ငံရေးပါတီတွေထဲက လူတွေ အသိတရား လုံလုံလောက်လောက် ရှိသင့်သည်။ တစ်ယောက်နဲ့တစ်ယောက် ညှိုနှိုင်းဆောင်ရွက် သင့်ပါသည်။  နိုင်ငံရေးလုပ်ရာမှာ မိမိအကျိုး၊ မိမိခံစားချက်ကို ရှေ့တန်းတင်နေလို့ မရပါဘူး။ ပြည်သူအကျိုး၊ ပါတီအကျိုးကိုသာ ရှေ့တန်းတင်ရမည်။ နိုင်ငံ့အကျိုးကြည့်သည့်သူ၊ ဆောင်ရွက်သူတွေကို နိုင်ငံရေးသမားလို့ ခေါ်ရမည် ထင်သည်။ နိုင်ငံရေးပါတီတွေမှာ အချိန်ပြည့်ဆောင်ရွက်သူတွေကိုသာ နိုင်ငံရေးသမား ဟု ခေါ်ထိုက်ကြောင်း ဆောင်ပါးတစ်ပုဒ်မှာ ဖတ်လိုက်ရသည်။ “သမား”ဆိုတာကို မြန်မာ-အင်္ဂလိပ် အဘိဓာန်မှာ (n) particle suffixed to the name of some trade or activity to denote a person’s proficiency in it လို့ပြဆိုထားပါသည်။ လူတစ်ယောက်ယောက် ကျွမ်းကျင်ပိုင်နိုင်သော လုပ်ငန်း၊လုပ်ဆောင်ချက် အမည်တွေရဲ့ နောက်ဆက်တွဲ စကားလုံး လို့ဖော်ပြထားပါသည်။ Politicianကို Cambridge International Dictionary of Englishမှာ (n) A member of a government and law-making organization အစိုးရအဖွဲ့ဝင် နှင့် ဥပဒေပြုရေးအဖွဲ့ဝင်လို့ အဓိပ္ပာယ်ပေးပါသည်။ 
အဲဒီအဖွဲ့ဝင်ဖြစ်အောင်  ဆောင်ရွက်တာ၊ အစိုးရအဖွဲ့နှင့်ဥပဒေပြုအဖွဲ့တွေမှာ ပါဝင်ဆောင်ရွက်တာ၊ အကြံညဏ်ပေးတာ၊ လေ့လာ အကဲဖြတ်ဝေဖန်တာတွေသည် နိုင်ငံရေးသမား ရဲ့ဆပွားအဓိပ္ပာယ်ဖြော်ပြချက်တွေပါပဲ။  မကောင်းသည့် အဓိပ္ပာယ်အနေနဲ့ကတော့  မိမိ အာဏာရအောင်၊အကျိုးရှိအောင် အဖွဲ့အစည်းတစ်ခုထဲမှာ အခြေအနေ အရပ်ရပ်ကို စောင့်ကြည့်လေ့လာပြီး ကုလားဖန် ထိုးတတ်သည့်လူ (A man who is good at using different situations in an organization to get  power or advantage for himself or herself)  ကို ခေါ်တာပါ။ ဒါက Oxford Advanced Learner’s Dictionary (2000) က ဖော်ပြထားတာပါ။

ကျွန်တော်တို့ မြန်မာနိုင်ငံရေးလောကမှာတော့ နိုင်ငံရေးဝါဒ တစ်ခုခု ကို ယုံကြည်နေသူကို နိုင်ငံရေးသမား လို့ ခေါ်မည်ထင်ပါသည်။နိုင်ငံအရေးကို လုပ်ဆောင်ရာမှာ ယုံကြည်ချက်ရှိရုံနဲ့တင် မလုံလောက်ပါဘူး။ နိုင်ငံရေးသမားသည် (၁) ကိုယ်ကျင့်တရား ကောင်းမွန်ရမည်။(၂)အသိပညာ ထက်မြတ်တောက်ပြောင် နေရမည်။(၃) နိုင်ငံရေး ယုံကြည်ချက်ခိုင်မာပြီး သတ္တိရှိရမည်။ ဒါမှ မှတ်ကျေက်တင်ခံလောက်တဲ့ နိုင်ငံရေးသမား ဖြစ်မှာပါ။ ဒီစံနှုန်းတွေနဲ့ ကြည့်ရင် သခင်ကိုယ်တော်မှိုင်းကို တွေ့မည်။ ဗိုလ်ချုပ်အောင်ဆန်းကို မြင်မည်။ George Washington လေ့လာလို့ရမည်။ မဟတ္တမ ဂန္ဓီကို လေးစား အားကျမည်။ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်အားကိုးတတ်မည် ဖြစ်သည်။ 

အခုဆိုရင် မြန်မာနိုင်ငံ နဲ့ မြန်မာပြည်သူတွေသည် သူတို့ရရှိထားသော ဒေါ်အောင်ဆန်းစုကြည်သည် ဒီအချက်တွေအပြင် ရာဇဝင်တွင်လောက်သည့်၊ စံနမူနာပြုလောက်သည့် အမျိုးသားခေါင်းဆောင်  ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးကနေ ဆင်းသက်လာသည့် မျိုးဆက်သစ်၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေ၊ ရရဲ့တောင်ပြေင်မှုတွေ၊ နိုင်ငံတကာရဲ့ ယုံကြည်အားထားမှုတွေ အပြည့်အဝ ထပ်ပေါင်းထည့် ထားသည့် အမျိုးသားခေါင်းဆောင်ပါ။ အမျိုးသားခေါင်းဆောင် ဆိုလို့ နားမကလော်လိုက်နဲ့ဦး။ 

ဒီနိုင်ငံကောင်းစားဖို့ဘယ်သူနဲ့ ဖြစ်ဖြစ်တွဲလုပ်နိုင်တဲ့သူပါ။သူ့အကျိုး၊သူပါတီအကျိုးကိုသာ ကြည့်သည့်သူ  မဟုတ်ဘဲ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံး အကျိုးမျှော်ကိုးနေတာဆိုတာ ကြည့်တတ်ရင်မြင်ပါသည်။ နားထောင်တတ်ရင် ကြားပါသည်။ ဒေါင်ဒေါင်မည်သည့် နိုင်ငံရေးသမားပါ။ မိမိတို့လည်း ခဏတာအာဏာရဖို့ကိုပဲ မကြည့်ကြဘဲ နိုင်ငံကောင်းစားဖို့ ရည်ရွယ်ချက် ကောင်းတွေ ရှိတယ်ဆိုရင် စိတ်ဓာတ်ကြံ့ခိုင်သော နိုင်ငံရေးသမားဖြစ်အောင် စွမ်းဆောင်ကြပါစို့လို့ တိုက်တွန်းရေးသားလိုက်ပါရစေ။

မောင်နေပြာ

Jul 4, 2012

ဂုဏ်သိက္ခာ





“ဂုဏ်သိက္ခာ”
         

      ဒီစကားလုံးလေးကို အမြဲကြားနေကြပါ ။သိပ်မကြာခင်ကာလကမှ အလေးအနက်ထား စဉ်းစားမိသည်။
 ဆရာချစ်ဦးညိုရေးတဲ့ “အမေ နှင့် တွေ့ဆုံ ခြင်း ”စာအုပ်မှာ သူ့ဖခင် ဦိးရွှေဒေါင်းညို ရဟန်းဘ၀မှထွက်တော့သိက္ခာမကျဘူးရေးထားတာတော်တော်ခံစားမိသည်။
မိမိတွေးထားမိတာ နဲ့ အံဝင် ခွင်ကျ ဖြစ်နေတော့အတွေးစတွေ  ဆွဲထုတ်မိသည်။

“ဂုဏ်သိက္ခာ”ကို မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ integrity, dignity လို့ ဖွင့်ဆိုထားသည်။
integrity ကို Oxford Advanced Learner's Dictionary (8th edition ) မှာ  
(n) quality of being honest and having strong moral principles  
ရိုးသားမှု နှင့် ခိုင်မာသောစိတ်ဓာတ် အမူအကျင့်၏ အရည်အချင်းလို့  အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
Mac Milan English Dictionary for Advanced Learners(2ndedition) မှာတော့  
the quality  0f always behaving according to the moral principles that you believe in, so that people respect and trust you .
လူအများက ယုံကြည်လေးစားစေရန် သင်ယုံကြည်သလို စိတ်ဓာတ်အမူအကျင့်အရ အမြဲကျင့်ကြံအားထုတ်သောအရည်အချင်းလို့ အဓိပ္ပာယ်ဖော်ပြထားသည်။
dignity ကိုမူ ၄င်း အဘိဓာန်မှာပဲ
(n) the impressive behavior of someone who controls their emotion in difficult situation 
ခက်ခဲတဲ့အခြေအနေမှာ သူတို့ရဲ့စိတ်ခံစားမှုတို့ ထိန်းချုပ်သော လူတစ်ဦးတစ်ယောက်ရဲ့ အထင်ကြီးလေးစားဖွယ် အပြုအမူလို့ ဆိုပါသည်။
            
ဒီဖွင့်ဆိုချက်တွေဟာ ထိရောက်ပေမယ့် အကုန်လုံးမခြုံငုံမိသေးပါဘူး။
“ဂုဏ်”ဆိုတာ ပါဠိစကားလုံး“ဂုဏ”ကလာပြီးသိက္ခာက“သေက္ခ”ကလာပါသည်။
“ဂုဏ”ဆိုတာအရည်အချင်း quality ဖြစ်ပြီး“သေက္ခ”ကတော့practiceဖြစ်ပါသည်။
ပြောရရင်qualityofpractice ပေါ့။
ဘာတွေလေ့ကျင့်ရမလဲ။အလေ့အကျင့်ရဲ့အရည်အချင်းတွေကဘာတွေလဲ။

“လေ့”ရမှာတွေက စိတ်ကူးတွေ၊ တွေးဆမှု့တွေ ၊ပြောဆိုမှု နှင့်လှုပ်ရှားမှုအပြုမူတွေပဲ ဖြစ်ပါသည်။  ပါဋ္ဌိလိုဆိုရရင် မနော၊ ၀စီနှင့် ကာယပဲပေါ့။ 
မနောကံ၊ ၀စီကံနှင့်ကာယကံတွေကိုစောင့်ထိန်းနိုင်ရင်တော့ moral principles တွေရပြီပေါ့ ။ဒါဟာအခြေခံဂုဏ်သိက္ခာ ပါပဲ ။ အရပ်ထဲမှာ ပြောနေကြတဲ့ “ဒီလူ သိက္ခာ မရှိဘူး”၊
“ဒါဟာသိက္ခချတာပဲ”လို့ဆိုဆိုနေကြတာ ဒီအခြေခံ ဂုဏ်သိက္ခာပဲ။
ဒါကိုပဲစောင့်ထိန်းရှောင်ကြည်မှု ဂုဏ်သိက္ခာ ၊ သီလသိက္ခာလို့ ခေါ်ပါသည် ။ 
ဂုဏ်သိက္ခာမှာ အဆင့် (၃) ဆင့်ရှိပါသည်။
သီလသိက္ခာ ၊ သမာဓိသိက္ခာ၊ပညာသိက္ခာတွေပါပဲ။
ဒီသိက္ခာသုံးရပ်ဟာ ပိရမစ်ပုံတည်ဆောက်ထားပါသည်။ အောက်ပါပုံကို ကြည့်ပါ။

ပညာ

သမာဓိ

သီလ

           သီလသိက္ခာ လေ့ကျင့်မှု့ အဆင့်က ကြိုစားအားထုတ်မှု့အဆင့်ပါ။
 လေ့ကျင့်မှု၊ကြိုးစားမှု့ ကောင်း ရင်တည်ငြိမ်မူ့၊စောင့်ထိန်းမှုသဘောရောက်လာပါပြီ။
ခဏတာစောင့်ထိန်းမှု့ကနေစောင့်ထိန်းစရာ မလိုလောက်အောင်ရောက်လာရင်တော့
ပွင့်လင့်မှု့(epiphany)သဘောနှင့်သိမြင်မှု့(enlightenment) သဘောရောက်ပြီပေါ့။
တည်ငြိမ်စောင့်ထိန်းမှု့အဆင့်ကိုသမာဓိသိက္ခာလို့ဆိုရမည်။
“မုဒုလက္ခဏ” ဇာတ်တော် မှာစောင့်ထိန်းမှု့ယိုင်ယွင်းလို့တောမှီရသေ့ဟာသီလသိက္ခာကို
ပြန်စောင့်ထိန်းရတဲ့လေ့ကျင့်ရတဲ့အဆင့်ထိ   လျှောကျခဲ့ရသည်။
သိက္ခာသုံးပါးဟာတွဲဖတ်မှီခိုနေတာပါ။
အောက်ကနေပေါ်သာမက အပေါ်ကနေအောက်ကို လည်းအားထားမှီခိုနေတာပါ။
ဒါကိုသတိထားဖို့လိုပါသည်။
                        
ဒုတိယ အဆင့် သိက္ခာကနေ အမြင့်ဆုံးအဆင့်၊စောင့်ထိန်းစရာမလိုတဲ့ အဆင့် ရောက်ပြီဆိုရင်အရာရာဟာသိသာမြင်သာလာမည်၊။နားလည်ခွင့်လွတ်နိုင်မည်။
တမင်လုပ်ဆောင် နေစရာမလို ပါ။
“ဂုဏ်သိက္ခာ”ကိုစောင့်ထိန်းလေ့ကျင့်ရတာဟာအလုပ်ဖြစ်ပြီးအသိ၊ပညာဟာအကျိုးဖြစ်သည်။
လယ်ယာမြေကောင်းတွေမှာ မျိုးစေ့ကြဲဖို့ရာမှာမိမိတာဝန်ဖြစ်ပြီး အပင်ပေါက်၊သီးပွင့်လာဖို့ဟာ သစ်ပင်၏ တာဝန်ဖြစ်သည်။
သီလသိက္ခာသည်ဓာတ်မီးခလုတ်ကိုနှိပ်ခြင်း၊သမာဓိသိက္ခာဟာအလင်း ရောင်ရဖြင်းဖြစ်ပြီး 
 ပညာသိက္ခာသည် သိမြင်နားလည်ခြင်းဖြစ်ခြင်း ပင်ဖြစ်တော့သည်။
       
ယခုခေတ်မှာအနောက်နိုင်ငံများတွင်ပညာတတ်သည် ဆိုသောလူတို့်သည်
 ဖောက်ပြန်မှားယွင်းနေကြ သည်။
၎င်းပညာရှိသည်အကျင့်နှင့်စောင့်ထိန်းမူ့အပေါ်အခြေမခံသောကြောင့်ဖြစ်သည်.။
 ဦးကျော်ဒင်သည်   ခေတ်ပညာ၊ရှေးပညာမတတ်ပါ။
ကိုယ်၊စိတ်နှလုံး၊နှုတ်သုံးပါးကိုလေ့ကျင့်လာသောကြောင့်အလေ့အကျင့်ကောင်းမှသည်
စောင့်ထိန်းမှု့၊ တည်ငြိမ်မှု့ကို ရကာနောက်ဆုံး စွန်းလွန်းဂူဆရာတော်ဦးက၀ိဖြစ်သောအခါ အသိရောအမြင်ပါပွင့်လင်းလာတော့သည်။၎င်းသည်အမြင့်ဆုံးအဆင့်ပင်ဖြစ်တော့သည်။
ခက်ခဲနက်နဲသော ဗုဒ္ဓ အဘိဓမ္မာများကိုကြေညက်တော့သည။်
Sir Alfred Nobel သည်ပညာတွေအဆင့်ဆင့်မြင့်တက်ပြီးနောက် ၄င်းအကျိုးကို
သိမြင်ကာဆေးပညာ၊ စာပေ ၊ဓာတုဗေဒ နှင့်ရူပဗေဒ၊ ငြိမ်းချမ်းရေးစသောနယ်ပယ်တွေ အတွက်အကျိုးရှိမည့်  N၀bel ဆုကို တီထွင်ပေးအပ်ခဲ့သည်။
လူဟာ လူသားကောင်းကျိုးကို လုပ်ရမည် ဆိုသည့် အမူအကျင့်သီလကို 
တဖန် ပြန်လည်သိမြင်လာခြင်းဖြစ်ပင်ဖြစ်သည်။
 သိက္ခာတွေထဲမှာ အခြေခံအကျဆုံးအလုပ်ပဲဖြစ်သည်။ 
ကိုယ်၊စိတ်နှလုံး၊နှုတ်သုံးပါးလုံးသည်သူတစ်ပါးအကျိုးယုတ်အောင၊်မိမိသူတပါးအကျိုးမယုတ်အောင်၊
 မိမိကိုယ်တိုင် လည်း အကျိုးမယုတ်အောင် စောင့်ထိန်းရမှာပေါ့။

လူတစ်ယောက် တွေးတာ၊ပြောတာ၊တွေးတာတွေဟာ သူတစ်ပါး အကျိုးယုတ်ဖို့ မဟုတ်ဘူးဆိုတာ
ပတ်ဝန်းကျင် က လက်ခံယုံကြည်လာပြီဆိုရင် ဒီလူမှာ ခိုင်မာတောင့်တင်းသော 
ဂုဏ်သိက္ခာရှိပြီ။
ဒီလို အမျိုးကောင်းသား၊အမျိုးကောင်းသမီးတွေကမ္ဘာမှာရော၊ မြန်မာမှာပါ အများကြီးပါ။
ကိုကျော်သူလိုပေါ့။သူတို့ မရှိတော့ရင်တောင်မှ ရင်ထဲမှာ မြတ်မြတ်နိုးနိုး ထိန်းသိမ်းထားမှာပါ။ သူလိုလူတွေ ကျွန်တော်တို့ မြန်မာ လူ့အဖွဲ့အစည်းမှာ အများကြီးရှိပါတယ်။
သူတို့သည်ပညာလင်းပွင့်မှုတွေထိမရောက်သေးပေမယ့်တစ်နေ့တော့ မလွဲမသွေရောက်ကြမှာပါ 
ပါရမီရှင်၊သူတော်ကောင်း၊အာဇာနည်ဆိုတာတွေဟာဂုဏ်သိက္ခာနဲ့ သွေးအုပ်စု
တူတဲ့ သူရဲကောင်းတွေပါ။ 

ဗိုလ်ချုပ်အောင်းဆန်းကို ကျွန်တော်တို့ ထာဝရ မြတ်နိုးခဲ့၊မြတ်နိုးဆဲ၊မြတ်နိုးနေဦးမှာပါ။
ဗိုလ်ချုပ်အောင်ဆန်း သည် 
ဂုဏ်သိက္ခာ မြင့်မားမှု ရဲ့ အဓိက ပြယုဂ်လို့ပဲ 
ဆိုချင်ပါတော့သည်။
ကျွန်တော်တို့ညီအစ်ကိုမောင်နှမအားလုံးအတုယူလေ့ကျင့်စောင့်ထိန်းသင့်ပါသည်။

လင်းပွင့်မှု  ပညာသိက္ခာကတော့  လာပါလိမ့်မည်။


မောင်နေပြာ