Jul 5, 2012

နာမည်တု နဲ့ ကောင်မလေး


ပန်းတိုင်းတော့ ပွင့်ကျတာပဲပေါ့
အနက်ထဲက အဖြူတစ်ပွင့်

စကားနည်းနည်းပဲ ပြောတဲ့ညမှာ
ညီမလေး ကွန်ပြူတာတက်ဖို့ ကိစ္စ
ဖေဖေ နဲ့ မေမေ ကိစ္စ
လမင်းဆီ တယ်လီဖုန်းဆက်ဖို့ ကိစ္စ
ၥ
ကြယ်တွေစုံတဲ့ အဲဒီညလေးမှာ
လရောင်က အလင်းဖျော့ပေးတယ်

ကိုယ်က အဝေးအဝေး သွားတယ်
မိနွယ်က ဒီချည်တိုင်ပဲ မြဲတယ်

ရင်ထဲကို ဘယ်သူမရောက်ကြေးလို့
ပြောရတယ် ဆိုတာ မရှိပုံပါ။

ဟင်! အနိမ့်ပန်းသခင်ရယ်
အနွမ်းပန်းပေမဲ့ ရနံ့ မပြယ်သေးဘူးလေ။


 မောင်နေပြာ