Jul 3, 2012

ယု


ပိန္နဲပင် နေညိုမှာ
ကိုယ် လေပျိုရင်းစောင့်ရ
အတွေး လယ်ကွက်စိမ်းဝယ်
ရသတွေ ချရင်းချရင်း
မေတ္တာတွေ မိုးတိုးမတ်တတ်
အပ်ကြောင်းထပ်ခဲ့ပေါ့ ‘ယ’ုရယ်။

မျက်ဝန်းကြည်လဲ့ဝိုင်း
ခန္ဓာတင့်တယ်သိုင်းရဲ့
‘ယု’သညာ အမည်ကပ်ငြိခဲ့။

ကုမ္ဘာန်တစ်ထောင် စောင့်ကြပ်ပါစေ
‘ယု’လမ်းရှေ့ ကရုဏာအောက်
ကိုယ် ကြိမ်တစ်ရာ မှောက်ချင်မှောက်စေ
နောက်တစ်လမ်းယုတ်ချင်ဘူး ‘ယု’ရယ်။  ။

မောင်နေပြာ