ဆိုခဲစေ
မောင်စကားဆိုမယ် ညို
တငြိမ့်ငြိမ့်စီးတဲ့ စမ်းချောင်းလိုပ
ချစ်ခြင်းတွေ ဖွဲ့သီလာရင်း
လမင်းရဲ့ အပြုံးကိုဘယ်သူ မုန်းနိုင်မလဲ။
ရွက်သစ်ဆိုတာ အာမာန်တွေနဲ့ရယ်ပါ။
အတိတ်က ရွက်ဟောင်း
အခါခါပြောင်းပြီးမှ
မေတ္တာနိဗ္ဗာန်ဘုံ ဆုံရစေဦးတော့
သစ္စာတောအထပ်ထပ် ဝေဆာရဲ့
နွေးထွးနေခြည်ဖြန့်ကာ
အရုဏ်ကျင်း ကျင်းချင်လို့
စိုးထိတ်ရင် တရိပ်ရိပ်တိုးခဲ့။
ပေးသမျှ မရရင်ဖြင့်
ခဏခဏ ဆွေးမယ်ကွဲ့
သြော် ချစ်စရာဟောဒီသကာလ
မောစရာ ဘဝထဲထိ ရောက်ရင်----။
ဒို့ မငိုချင်ဘူး မောင်လို့
ညို အတွေးပိုဆိုပေမဲ့
ချစ်တေးဟာ ကမ္ဘာတည်အံ့။
ကျောခိုင်းခြင်းဟာ ဂန္ဓဝင်ဆေးခါး။
ဗျာပါဒတွေ အခါခါကွယ်
အဖြူအစင် အားသစ်လောင်းရင်တော့
အတွယ်အတာ အလင်္ကာများ
ဟေမာသောင် တစ်ဖက်ကမ်းပါးတိုင်
မခွဲစတမ်း အခြေခိုင်စေသတည်း။ ။
မောင်နေပြာ