Aug 3, 2012

၁မြှား


               







     ချစ်သူ
မင်းက မာနအတိပြီးတဲ့
သဇင်တစ်ခက် ပန်လာချိန်မှာ
ငါလည်း အတ္တဓားတစ်လက်
သွေးနေလိမ့်မယ်။

       ချစ်သူ

မင်း..အဝေးထိန်းခလုပ်တွေနဲ့ ခြိမ်းခြောက်ပြီး
ဟစ်တလာကို လည်ပင်းဖက်နေချိန်မှာ
ငါလည်း ဦးညွတ်ဖို့ မလိုတဲ့
မျက်နှာကျက် နိမ့်နိမ့်တွေ အောက်မှာ ရှိနေမှာပါ။

        ချစ်သူ

ပါဝါမတူတဲ့ မျက်မှန်တစ်လက်စီ
ပိုင်ဆိုင်နေသရွှ့….
စကေးကွဲ ပေတံတွေ
ကိုင်ဆောင်နေသရွှေ့……
(မင်းနဲ့ငါကို………)
ဘယ်လိုမြှားတစ်စင်း
တွဲဖောက်နိုင်မှာလဲ။     

 

မောင်မျိုးငြိမ်း