Aug 9, 2012

မိသားစု




မျက်လုံးတွေနဲ့မေးပြီး
မျက်ဝန်းတွေနဲ့ဖြေခဲ့တာ ငါတို့လိပ်စာပါ
ဖွင့်ဖို့ခက်တဲ့တံခါးများ ကျန်ရှိနေသေးသလား
တောတောင်တွေကို အသေအချာ အဖေထမ်းခဲ့ဖူးတယ်။
ငါတို့ရဲ့ပျားရည်ကို
ဘယ်သူကများ ဝှက်ထားခဲ့သလဲ
ရထားဥသြသံက
ဆန်ပြာနေတဲ့ အမေ့ရင်ထဲကို အရင်ရောက်မလား
ခြံထောင့်က အုန်းပင်လေးလို
အမျှော်တွေ ထိုးထိုးထောင်ထောင်
ဟို အဝေးက ညီလေးရော
လက်မှတ်ဝယ်ပြီးပြီလား
တစ်ယောက်အကြောင်း တစ်ယောက်တွေးရင်း
ဒီဆက်တင်ကို ကြိုးညှိခဲ့
ဘာကြောင့် ငါက အဝေးကြီးကို ထွက်သွားရတာလဲ
အဖြစ်အပျက်က
ဟိုအခန်းလည်း အသုံးမဝင်
ဒီဇာတ်ထုတ်လည်း ဆက်မချုပ်ဖြစ်
နောင်တစ်ခါ နောက်မကျအောင်
နောက်ကို နည်းနည်းဆုတ်လိုက်တယ်
ကျွန်တော် မလာဖြစ်သေးဘူး မေမေ။  

ကိုဘုန်း

          Family

Questioned by eyes, and
Answered by iris that is our address
Are the doors leaving hard to open?
The jungle woods father had certainly shouldered.
The honey of our family
Who the one hide?
Does the train siren
Touched first toward the husking mother bosom
Like the little palm in the yard corner
Expectancy stands tall here and there
And brother far from away
Have you taken a ticket?
Thinking about one another
Tune this setting.
Why have I gone to away?
The story is
Not fitted on that act
Not run on this play also
In the future, not to be so late
Recede little backward
I’m not sure yet to come, Mummy.

Trs:Maung Nay Pyar