Aug 10, 2012

လမ်းဆုံးတော့ ရွာမတွေ့


အမှတ်မထင်ပါပဲ
နှစ်ကိုယ်စာ မစားသုံးခဲ့ပေမယ့်
ထမင်းမြိန်ခြင်းဟာ
ငေးမောလို့ကောင်းတဲ့ လမင်းတစ်စင်းရယ်။
ရုတ်တရက်ပါပဲ
ဘ၀ပန်းမလှတဲ့ ယူနစ်အပိုင်းအစတွေ
တအိအိကျ
အဖြေကို ခပ်သာသာလေး ရင်မောခဲ့
အက္ခရာမတူတဲ့ ပုံရိပ်တွေရယ်။
စိတ်လိုလက်ရပါပဲ
စိတ်ကူးဟာ သူကိုယ်တိုင် ပန်းဝင်ပြီးပြီမို့
အရေးမပါတော့မည့် ဒိုင်တွေကိုဖယ်
ကွင်းလယ်ကို ပြန်မသွားချင်တော့ဘူး။
အထိတ်တလန့်ပါပဲ
အိပ်မက်ဟာ ခပ်ရေးရေးပြုံး
ဘ၀ကို မမုန်းပေမယ့်
ဒီလိုနဲ့…..
မဆုံးသွားစေချင်ဘူး။
ထာဝရပါပဲ
အရေးသုံးပါး မဆုံးသရွှေ့
တအုံးအုံးမွှေး၊သူအလိုတူပါ
အံချော်နေစေအုံးတော့ကွယ်။   

မောင်နေပြာ