Aug 11, 2012

ဝေး/ဝေးအိပ်မက်


ဂီတတွေ အလည်လာတဲ့
ဘီယာသောက်မြို့ရိုးရဲ့
အပျော်မိုးနေ့မှာ
ညီမလေးကို စတွေ့တယ်။

ပန်းသီးတုန်ခါမှုနဲ့
ကြည်နူးဝတ်လူပင်လယ်ကြား
ညီမလေးနဲ့ စီးမျောခဲ့တယ်။

မွန်ရိုး အလှအပတွေ
မမြတ်နိုးစေဖို့
ရိုမီယို-ဂျုးလီယက် မဟုတ်တဲ့
ကိုယ်တို့ ရင်ကြားစေ့ခဲ့ကြတယ်။

ဒီလိုနဲ့…
အချစ်ငရမန်ကန်းတွေအဖြစ်
ကောင်ကင်က မြေကြီးကို နမ်းရှိုက်ဖို့ ကြိုးစားသလို
ကိုယ်တို့ အိပ်မက် မက်နေတယ်၊ ညီမလေးရေ။    

မောင်နေပြာ
13.4.2k မန်းသင်္ကြန်အမှတ်တရ