Jul 24, 2012

ဝေးခွာထွက်ခြင်း


ဝေးခွာထွက်ခြင်း



မှတ်ကျောက်တင်ဖို့ ခက်ခက်
ခပ်သွက်သွက် သတင်းမွန်းတွေကြား
စုတ်ချက်မမှီတမှီ ကခုန်နေ….။

အတွေးက ကျမ်းတစ်ထုပ်ကို မှေးတရေး ရေးရင်း
စိတ်အေးလက်သာ လမ်းလျှောက်
သူကိုယ်တိုင်တော့
ဘဝရေး မစိမ့်တစိမ့် စီးဆင်းနေ…..။

ဒီဖြစ်တည်မှုကို အလွတ်ရချင်လို့
အနာဂတ်စာမျက်နှာတွေ
အမောတကော လှန်မိရင်း…..။

ဒါပါပဲ
အဟောသိကံ ဖြစ်မယ့်
ခံစားမှုတွေကို
မမြတ်နိုးတတ်တော့                
အရုပ်ဟာ သူ့ဖာသာ ကကြိုးရှုပ်နေပြီ။   ။


မောင်နေပြာ