Showing posts with label ဆေးခါး. Show all posts
Showing posts with label ဆေးခါး. Show all posts

Jun 29, 2013

အညတရသူမ

ဆရာဇော်ဂျီရဲ. ဗေဒါလမ်း
ဆရာမောင်ချောနွယ်ရဲ. ကိုက်လမ်း
မာဂရက်သက်ချာရဲ. ဒေါင်းနင်းလမ်းနှစ်တွေ...
သူမ နကန်းတစ်လုံးမျှ မသိ
၃၃-လမ်း
၃၄-လမ်း
၃၈-လမ်း
၃၉-လမ်း ...........
--------
လမ်းတွေလို သူမအကြောင်း
တခုတ်တရ ရေးမယ့်သူလည်း မရှိ
သူမဟာ အညာမြို.လေးတစ်မြို.က အညတရဈေးလမ်းလေး...
အညတရဈေးလမ်းလေးဟာ
ကျေးငှက်တွေထက် စောစောနိုးတတ်တယ်
သူမပတ်ဝန်းကျင်မှာ စုတ်တံနဲ. ခပ်ကြမ်းကြမ်းခြစ်ထားသလို
ကုန်စုံဆိုင်တချို. လ္ဘက်ရည်ဆိုင်တချို.နဲ. ထမင်းဆိုင်တချို.
 မိုးတိုးမတ်တပ် ကျိုးတိုးကျဲတဲ...
ဘေးတစ်ဖက်တစ်ချက်စီမှာတော့ မိုးသောက်တာနဲ.
ပျံကျဈေးဆိုင်ကလေးတွေ ၀မ်းစာတိုက်ပွဲဆင်နွှဲဖို.
အလျှိုအလျှို ၀န်းရံနေရာယူထားပြီး ဖြစ်နေတတ်တယ်
သူမဟာဖော်ရွေတတ်သူတစ်ယောက်ဖြစ်တော့
တစ်ရက်စာမျှော်လင့်ချက်တွေရွက်လာတဲ့ တောသူတွေ
အမောတွေထမ်းလာတဲ့ ကျောမွဲမွဲတွေ
ဝမ်းစာကို မနိုင်မနင်း တင်နင်းလာတဲ့ ဆိုက်ကားဆရာတွေ
လက်တွန်းလှည်းကို ချွေးပြိုက်ပြိုက်ကျအောင်တွန်းပြီး
ဘ၀ပါဖောမင့်ပြတတ်တဲ့ တွန်းလှည်းဆရာတွေနဲ.
မိတ်ဆွေရင်းချာတွေ ဖြစ်နေတယ်
တောကြိုက်သီချင်းတွေ ကျယ်ကျယ်လောင်လောင်ဖွင့်ပြလေ့ရှိတဲ့
လက်တွန်းလှည်းနဲ. ထီသည်ဦးလေးကြီး
ပေါက်ကွဲသံစဉ်တွေ စက်ဘီးပေါ် ခေါ်တင်လာလေ့ရှိတဲ့
နို.အေးချောင်းသည် ကောင်ကလေးရယ်၊ နောက်...
ဘာအရေးကြီးလို. အရေးကြီးမှန်းမသိ
လူရှုပ်ရှုပ်ထဲ ဆိုင်ကယ်ကမူးရှူးထိုးစီးတတ်သူတွေနဲ.လည်း
သူမ အကျွမ်းတ၀င်ဖြစ်နေတတ်တယ်
သူမဟာ စာနာစိတ် အပြည့်ရှိသူတစ်ဦးဖြစ်တယ်
နေ့စဉ်မရိုးနိုင်တဲ့မြင်ကွင်းတွေဖြစ်တဲ့
အရောင်ပြယ်လွင့်နေတဲ့ ယိုင်နဲ.နဲ.ထီးတွေအောက်က
ပျံကျဈေးသည်တွေရဲ. ယိုင်နဲ.နဲ.အခြေအနေကို သူမ စာနာတယ်
ပျာလောင်ခတ်နေတဲ့ ဈေးဝယ်သူတွေရဲ့
ပျာလောင်ခတ်နေတဲ့ဘ၀တွေကို သူမ စာနာတယ်
ဈေးပေါင်ကျိုးချိန် နေ့ပြန်တိုးပြန်ဆပ်နိုင်မလား တွေးပူနေသူတွေ
ဝယ်သူကိုမျှော်ရင်း ညှိုးညှိုးလာတဲ့ တောပန်းကလေးတွေကို
သူမ ကိုယ်ချင်းစာတယ်
ဒါပေမယ့် ... သူမ...သူမ...
လက်ပိုက်ကြည့်နေရုံပဲ တတ်နိုင်တယ်
သူမကိုယ်တိုင်တောင် ဒဏ်ရာတွေ ပရပွနဲ.မဟုတ်လား။ ။

ဆေးခါး

20.2.2011 ( TDGI)

Oct 23, 2012

လျှော့

လျှော့
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့လက်သီးတွေကို
လျှော့
သွေးဆိုးသွေးညစ်တွေကို
လျှော့
ပန်းပုထုသလို မလိုအပ်တဲ့အရာတွေကို
လျှော့
ဘေးထွက်ဆိုးကျိုးများမယ့်အရာတွေကို

လျှော့
မလျှော့ရင် ရှော့(ခ်)ရှိတဲ့အရာတွေကို
လျှော့
ပိုကောင်းတဲ့မနက်ဖြန်အတွက်
လျှော့သင့်တဲ့အရာတွေကို
(နှလုံးကြီးကြီးနဲ.)
လျှော့
လျှော့
လျှော့။ ။

ဆေးခါး
14.4.2012

Oct 19, 2012

နောက်ထပ် ဘာပြကွက်လာမလဲ?

ကမ္ဘာကြီး မောင်ပစ္စက ဖြစ်သွားပြီ
No boy no joy တဲ့
တစ်ယောက်နဲ့တစ်ယောက်ချစ်တာ
အချစ်မပါတော့ဘူးတဲ့
Arab Spring တဲ့A
အလင်းအလျှင်လည်း ပထမနေရာက
ဖယ်ပေးလိုက်ရပြီတဲ့
All Inclusive တဲ့
ထာဝရ အကျိုးစီးပွားတဲ့
Post Poetry တဲ့
တစ်ခါသုံး လူ့အဖွဲ့အစည်းတဲ့
...............................
သဘောင်္ပျက် ပျဉ်ချပ်ပေါ်က
ကြက်တူရွှေးလို
မျက်လှည့်ဆရာရဲ့ နောက်ထပ်ပြကွက်ကို
စိတ်ဝင်တစား စောင့်စားနေမိတယ်။ ။





ဆေးခါး



8.3.2012

Aug 30, 2012

ပုသျှကင်ရဲ့ဆောင်းလမ်းပေါ်

အမုန်းတရားတွေ
အာဃာတ တရားတွေ
လူမျိုးရေးခွဲခြားမှုတွေ
ဘာသာရေးအစွန်းရောက်မှုတွေ
အမြင်ကျဉ်းမြောင်းမှုတွေ
အတ္တကြီးမားမှုတွေ……
စတာတွေနဲ့ ရက်ဖောက်ပြီး
စစ်ပွဲတစ်ပွဲကို ခပ်လွယ်လွယ်
ခပ်လွဲလွဲ ပြုလုပ်ကျုးလွန်လိုက်တဲ့အခါ
အိုမင်းမစွမ်း အဘိုးအဘွားတွေ
အရူးမိးဝိုင်းဖြစ်နေတဲ့ သားပျောက်မိခင်တွေ
သောကပင်လယ်ဝေနေတဲ့ မုဆိုးမတွေ
ဘ၀ပျက်သွားတဲ့ မိန်းမပျိုလေးတွေ
ခြေပြတ်လက်ပြတ် မျှော်လင့်ချက်ပါ ပြတ်နေတဲ့ လူနာတွေ
ခြေမပြတ် လက်မပြတ်ပေမဲ့
အနာဂတ်ပြတ်သွားတဲ့ မိဘမဲ့ကလေးတွေ
ပုသျှကင်ရဲ့ဆောင်းလမ်းပေါ်
အုံနဲ့ ကျင်းနဲ့………………..။

ဆေးခါး
Idea  မဂ္ဂဇင်း  ၈/၂၀၁၂

ဗိုလ်ချုပ်သို့

မြန်မာသမိုင်းစာမျက်နှာမှာ
ဘယ်တော့မှ ဖျောက်ဖျက်မရတဲ့
ကမ္မည်းကျောက်စာ မဟာကဗျာ…..
ကိုယ့်မဂ္ဂဇင်းမှာ ဖော်ပြတဲ့ ဆောင်းပါးတစ်ပုဒ်အတွက်
ကျောင်းထုတ်ခံရတဲ့အထိ တာဝန်ယူရဲတဲ့ စံပြအယ်ဒီတာ
မြန်မာပြည်မှာ
(နာမည်မပါရင်)
တစ်ယောက်ပဲရှိတယ်ဆိုတဲ့ ဗိုလ်ချုပ်……
“ကြည်
ပဲပြတ်နဲ့ နံပြားရရင် စားချင်တယ်”
ဝါကျတစ်ကြောင်းနဲ့တင် စာရေးဆရာဖြစ်ထိုက်သူ…..
နှစ်ယောက်မရှိ
တစ်ယောက်တည်းသာရှိတဲ့ လူထုခေါင်းဆောင်….
အတူမရှိ
အတုမရှိတဲ့ လွတ်လပ်ရေးဗိသုကာ….
အနုပညာဆန်တဲ့
နိုင်ငံရေးသုခမိန်….
တပ်မတော်ရဲ့ဖခင်….
တိုင်းပြည်ရဲ့အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါး…
လူငယ်တွေအတွက်
အမှန်တရားနဲ့ရဲရင့်မှုအတွက် စံထားရာ….
မြန်မာလူ့အဖွဲ့အစည်းရဲ့ မျိုးဆက်တိုင်း
အစဉ်ဦးညွှတ်နေရမယ့် သူရဲကောင်း…
ဘယ်တော့မှ မကြွေသောကြယ်
ဘယ်တော့မှ မ၀င်သောနေ…..
……………………………………..။

ဆေးခါး
ပြုံးစရာ မဂ္ဂဇင်း  ၁/၂၀၁၂

Aug 29, 2012

ဒရမ်တီးသူကဗျာဆရာ

စိတ်မရှည်စရာတွေ များလွန်းလို့
ဆံပင်အရှည်ကြီးထားရတယ်ဆိုတဲ့ ကဗျာဆရာ
 လူလိုမနေရတာကြာတော့
  လူစိတ်လည်း ပျောက်လုလုဆိုတဲ့ ကဗျာဆရာ
   အဆင်မပြေမှုတွေနဲ့
တရားသဖြင့် နေထိုင်ရတယ်ဆိုတဲ့ ကဗျာဆရာ
…………………………………………………………..
နောက်ဆုံးထွက်သက်ထိ
ရင်ထဲက အမှန်တရားအတွက်
(လက်နက်မချဘဲ)
ကဗျာတိုက်ပွဲဝင်သွားတယ်။
ဒီပရင်္ဂကို
မွေးရပ်မြေအတွက် အမွေပေးသွားတယ်
အမိမြန်မာပြည်အတွက်တော့
မာယာကော့စကီးလို ဒရမ်တီးခတ်သူ
ကဗျာဆရာတစ်ယောက်အဖြစ်
တိကျသေချာစွာ ကမ္မည်းရေးထိုးသွားခဲ့တယ်။

(ကွယ်လွန်သူ ကဗျာဆရာ(ကို)လှသန်းသို့အမှတ်တရ)

ဆေးခါး
ပြုံးစရာ မဂ္ဂဇင်း  ၈/၂၀၁၂

Aug 15, 2012

အခြေအနေအရ

သမီးတစ်ယောက်တည်းရှိတဲ့ နေပန်ဦးက
နောက်ထပ်ကလေးတစ်ယောက် ထပ်ယူချင်ပေမယ့်
မယူဖြစ်တာ အခြေအနေအရတဲ့
ရာမျိုးရေ…..ကဗျာစာအုပ်လေးတစ်အုပ်လောက်
စုထုတ်ကျရအောင်ဆိုတော့ အခြေအနေအရပဲတဲ့
ဇာဦးကို ခင်ဗျား  GTI ပြီးတာလည်း (၁၀) နှစ်ကျော်ပြီ
ခုထိ ဘာကြောင့်အလုပ်မလုပ်သေးတာလည်း မေးတော့
ဆေးလိပ်မီးခိုးငွေ့တွေကို လေတိလေကန်မှုတ်ထုတ်ရင်း
စကားပြန်တယ်………..အခြေအနေအရတဲ့
မကွေးမြေနုကျွန်းမှာ ကဗျာရွတ်ပွဲရှိလို့
အိမ့်ဒီဝဏ်ကို အဖော်စပ်တော့ ဟိုကြည့်ဒီကြည့်နဲ့
အခြေအနေအရပဲ ဆေးခါးကြီးတဲ့
မကွေးရောက်လို့ သားဦးဆီအလည်ဝင်တော့
ဆိုင်ကယ်ဖာနေတဲ့ သားဦးကလည်း အခြေအနေအရ….
ဂျာနယ်လစ်ဝင်လုပ်နေတဲ့ ဧဇံကလည်း ခြေအနေအရ…..
အရာရှိလုပ်သက် (၇)နှစ်ကျော်မှ အလုပ်ထွက်ပြီး
ဘလော့ဂ်ဂါလုပ်နေတဲ့ မောင်နေပြာကလည်း အခြေအနေအရ……
ဒီတော့…..(၁၆)နှစ်ကို ဆယ်စု(၂)စု စွန်းတဲ့အထိ
လူဝတ်ကြောင်နဲ့ကျွန်တော် လူပျိုကြီးလုပ်နေရတာလည်း
ဟုတ်ကဲ့ ! အခြေအနေအရလို့ပဲ ပြောရတော့မှာပေါ့။

ဆေးခါး

6.8.2012
10:10PM(TDI)