Oct 19, 2012

နောက်ထပ် ဘာပြကွက်လာမလဲ?

ကမ္ဘာကြီး မောင်ပစ္စက ဖြစ်သွားပြီ
No boy no joy တဲ့
တစ်ယောက်နဲ့တစ်ယောက်ချစ်တာ
အချစ်မပါတော့ဘူးတဲ့
Arab Spring တဲ့A
အလင်းအလျှင်လည်း ပထမနေရာက
ဖယ်ပေးလိုက်ရပြီတဲ့
All Inclusive တဲ့
ထာဝရ အကျိုးစီးပွားတဲ့
Post Poetry တဲ့
တစ်ခါသုံး လူ့အဖွဲ့အစည်းတဲ့
...............................
သဘောင်္ပျက် ပျဉ်ချပ်ပေါ်က
ကြက်တူရွှေးလို
မျက်လှည့်ဆရာရဲ့ နောက်ထပ်ပြကွက်ကို
စိတ်ဝင်တစား စောင့်စားနေမိတယ်။ ။





ဆေးခါး



8.3.2012