မနက်လင်းကတည်းက
ပြင်ရတယ်
ဘယ်သွားမယ်၊ဘာလုပ်မယ်ပေါ့
ဘာစားမယ်၊ဘာမေးမယ်ပေါ့
ရောက်ပြီ၊
အချိန်
စားနေကြ ထမင်းကြော်
အမြန်သွတ်
အစာမချက်နိုင်ခင်
အလုပ်ခွင်ဝင်ပြီး
စိတ်ထဲထင်ရာ
သတင်းတွေကြည့်
စာတွေရေး၊စာတွေပြန်
တွေးထားတာတွေ
မဟုတ်ပြန်တော့ ခဏရပ်
တရစပ် ဦးနှောက်ကို
အလုပ်ပေး
ဟိုလူကို
တွေ့ကာ ဟိုစကားပြောရဦးမယ်
သူ့ကို ဖုန်းဆက်ကာ
မေးရဦးမယ်။
လှေဆိပ်မှာ
စောင့်ရင်း
အရူးမဆိုတဲ့
သီချင်း ငါ နားမလည်
ကြောက်စရာရှိရင်
၊ငါ အကြောက်ဆုံးက
အသိညဏ် မရှိတဲ့သူ
ကိုယ်ကျင့်တရား
မရှိတဲ့သူ
ဒါတွေ စဉ်းစားနေလို့လည်း
မရ
ပြေးပြေးလွှားလွှား
သွားစရာတွေက များ
ထမင်းတစ်နပ်တောင်
ပြီးကပစ် စားခဲ့ရသေး
ကနေ့ဖို့
ငါလုပ်ရမည့် အလုပ်
သေချာသိမ်းထုတ်
လုပ်နိုင်ခဲ့ပြီးပေါ့
အလုပ်တွေ
လက်စသတ်တော့ ခန္ဓာကိုယ်အနားပေး
စိတ်ကို မောင်းနှင်ရင်း
နှလုံးသားတံခါးကို ဖွင့်လိုက်မယ်ပေါ့
နိစ္စဓူဝ မေတ္တာစကား
နားခါးတတ်လှပေါ့
ငယ်ငယ်က ဖတ်ဖူးတဲ့
ဝတ္ထု
စိတ်ထဲမှာ
မြင်ယောင်သား
ရေးသူ ထီလာဝင်းယုမာ
ထင်ရဲ့
“မိဝိုင်း
ဘယ်သို့ ၀င်ရပါ့”
အနေကန်အမှန်တရား
ဆိုလား
သူငယ်ချင်း
ကဗျာဆရာတွေ ခဏခဏ ရွတ်ကြတာ
ဘာပဲဖြစ်ဖြစ်
ခင်ဗျားဖြစ်ဖြစ် ကျွန်တော်ဖြစ်ဖြစ်
မနက်ဖြန်တွေမှာ
လုပ်စရာ ရှိနေခဲ့ကြပါတယ်
ကနေ့ အလုပ်ဆိုတာလည်း
မနေ့က ရဲ့
မနက်ဖြန် အတွေးတွေပဲ မဟုတ်လား
တူသလိုလို
နဲ့ မတူဘူးဆိုတာ
ကြုံကြုံနေရတော့
ကျွန်တော်
ထင်တယ်
ကနေ့ မနက်ဖြန်
ဆိုတာ
ဘယ်ကွေ့ ဘယ်တက်နဲ့လှော်
ညာကွေ့ ညာတက်နဲ့လှော်တာ
အကောင်းဆုံးပါပဲ။
ကနေ့ မနက်ဖြန်။ ။
မောင်နေပြာ
ဘိုကလေး။၈-၁၀-၁၂