Showing posts with label မင်းထက်ညိမ်း. Show all posts
Showing posts with label မင်းထက်ညိမ်း. Show all posts

Jul 15, 2012

“အကွာအဝေး”


·         “အကွာအဝေး”

အကွဲကွဲအပြားပြား
စိတ်နဲ့လှော်ခတ်နေရတဲ့ ဘ၀တွေ
ငါ လည်း သူ့ဆီ မရောက်ဘူး။
သူ လည်း ငါ့ဆီ မရောက်ဘူး။
အဆုံးအစ မသိလေတော့
ဇာတ်သိမ်းခန်း ကို ခန့်မှန်းမရ ဖြစ်နေတယ်။
ခရီး က ဒီထက်ဒီ ရှည်လျား………
လောက တနံ တလျား
ကိုယ်စီ ကိုယ်ငှ လမ်းသလား ကြ
“အဆင်ပြေလား” လို့ မေးကြည့်ဖို့ ဆိုတာ
ငါတို့ က
စာမလာ သတင်းမကြား။
(ကိုယ်စီကိုယ်ငှ လိုင်းမကောင်းကြ)
 
    မင်းထက်ညိမ်း
    ဒီကဗျာလေးကို သူငယ်ချင်းတစ်ယောက်က Facebook ကပို့လိုက်တာ။ဘာသာပြန်ကို နောက်နေ့မှ ထပ်တင်ပေးမယ်။

Jul 14, 2012

တံခါး

    တံခါး     

ခင်ဗျား
ပခုံးပေါ်မှာ လွယ်အိတ်တစ်လုံးရှိပြီး
ကျွန်တော့်
ပခုံးပေါ်မှာ လွယ်အိတ်တစ်လုံးရှိတယ်။

လောကအခန်းငယ်ထဲ
ထိုင်နေတဲ့ ထိုင်ခုံတစ်လုံး
အသက်ရှင်လျက်နဲ့
ဘဝကို ဖွင့်မကြည့်ရဲဘူး။

ဟော
ကြားရဲ့ မဟုတ်လား
အဲဒီအသံဟာ
သံလမ်းပေါ် ဖြတ်လျှောက်သွားတဲ့
ရထားတစ်စင်းရဲ့ ဥသြသံ မဟုတ်ဘူး။
ကျွန်တော် အိမ်နီးချင်းထိုင်ခုံက
သက်ပြင်းအူသံ။

“အပျော်ဆုံး အချိန်ဆိုတာလည်း
ပျော်တုန်း ခဏပါပဲဗျာ” တဲ့
“ ကောင်းကင်ကို
ခဏ ဖယ်ခိုင်းတယ်
မျက်လုံး အကြည့်တွေ
ဘယ်လောက်ဝေးဝေး ရောက်သလဲ သိချင်လို့ပါ” တဲ့။
(အဲဒီကောင်းကင်ပြာကြီးနဲ့ မြင်ကွင်းကို အနားသတ်ခဲ့ရတာကြာပြီ။)

လူ့ချင်ခြင်းဟာ ကြောက်စရာ
လူ့ချင်ခြင်းဟာ ကြောက်စရာ
လူ့ချင်ခြင်းဟာ ကြောက်စရာကောင်းလှပေါ့။

ဘယ်မှာလဲ တံခါး။   ။

မင်းထက်ညိမ်း


The Door

On your shoulder
There is a bag and
On my shoulder too
There is a bag.

In the cell of world
A stool sitting down
Dare not to open life
While living.

Listen!
Do you hear?
That voice
Is not siren of train
Running on the railway.
It is the sigh
From my next stool

It is said”the happiest time is also
Just a moment of being happy.”

“The sky
Is asked aside for a minute
The optical view
I wanna know how far it is” said.
(It is so long that the view was stricted
With that blue sky)

Human pica is terrible.
Human pica is terrible.
Human pica is very terrible.

Where is the door?


Trs:Maung Nay Pyar

Myanmar People(April/2005)
www.people.com/mm

Jul 13, 2012

အချစ်သစ်သီး

အချစ်သစ်သီး 


သင်ရိုးညွှန်းတမ်း မလိုဘဲ
သူ့အလိုလို တတ်မြောက်ခဲ့
ဝှက်ဖဲတစ်ချပ် ဖျတ်ခနဲ လှန်သွားတယ်။
မမြင်နိုင်ဘဲ ကြားလို့ရပြီး
မကြားနိုင်ဘဲ မြင်လို့ရခဲ့
သက်ရှိလူသားဆိုတာ
ကမ္ဘာဦးလက်ကျန် ပန်းသီးတစ်လုံးလား
ငါတို့ဆက်လက် မြည်းစမ်းခဲ့ကြ
ကမ္ဘာအဆုံးတိုင်။ ။

မင်းထက်ညိမ်း

Love Fruit 


Without need of course 
It was learned automatically 
A trump card turns up suddenly 
Invisible,but able to hear and 
Unhaerable, but able to see 
Alive mankind said is 
An apple left before historic time or not 
We tried to eat and went on 
Until  the world end. 

Trs: Maung Nay Pyar


Myanmar People(Jan,2006)
http://www.people.com.mm