Jul 14, 2012

တံခါး

    တံခါး     

ခင်ဗျား
ပခုံးပေါ်မှာ လွယ်အိတ်တစ်လုံးရှိပြီး
ကျွန်တော့်
ပခုံးပေါ်မှာ လွယ်အိတ်တစ်လုံးရှိတယ်။

လောကအခန်းငယ်ထဲ
ထိုင်နေတဲ့ ထိုင်ခုံတစ်လုံး
အသက်ရှင်လျက်နဲ့
ဘဝကို ဖွင့်မကြည့်ရဲဘူး။

ဟော
ကြားရဲ့ မဟုတ်လား
အဲဒီအသံဟာ
သံလမ်းပေါ် ဖြတ်လျှောက်သွားတဲ့
ရထားတစ်စင်းရဲ့ ဥသြသံ မဟုတ်ဘူး။
ကျွန်တော် အိမ်နီးချင်းထိုင်ခုံက
သက်ပြင်းအူသံ။

“အပျော်ဆုံး အချိန်ဆိုတာလည်း
ပျော်တုန်း ခဏပါပဲဗျာ” တဲ့
“ ကောင်းကင်ကို
ခဏ ဖယ်ခိုင်းတယ်
မျက်လုံး အကြည့်တွေ
ဘယ်လောက်ဝေးဝေး ရောက်သလဲ သိချင်လို့ပါ” တဲ့။
(အဲဒီကောင်းကင်ပြာကြီးနဲ့ မြင်ကွင်းကို အနားသတ်ခဲ့ရတာကြာပြီ။)

လူ့ချင်ခြင်းဟာ ကြောက်စရာ
လူ့ချင်ခြင်းဟာ ကြောက်စရာ
လူ့ချင်ခြင်းဟာ ကြောက်စရာကောင်းလှပေါ့။

ဘယ်မှာလဲ တံခါး။   ။

မင်းထက်ညိမ်း


The Door

On your shoulder
There is a bag and
On my shoulder too
There is a bag.

In the cell of world
A stool sitting down
Dare not to open life
While living.

Listen!
Do you hear?
That voice
Is not siren of train
Running on the railway.
It is the sigh
From my next stool

It is said”the happiest time is also
Just a moment of being happy.”

“The sky
Is asked aside for a minute
The optical view
I wanna know how far it is” said.
(It is so long that the view was stricted
With that blue sky)

Human pica is terrible.
Human pica is terrible.
Human pica is very terrible.

Where is the door?


Trs:Maung Nay Pyar

Myanmar People(April/2005)
www.people.com/mm