လာအို မင်းသမီးချော Alexandra Bounxouei
အချစ်ေ၇ မိုး ငွေ့နဲ့ အေးနေပေမဲ့ မင်းချစ်ငွေ့က နွေးစေရဲ့။
အရုပ်လေး တစ်ရုပ်လို
မင်းက ကလေးဆန်တော့
ကိုယ် မြတ်နိုးသိမ်းထားချင်ရဲ့။
မင်းမျက်ဝန်းက အဖြေ
မင်းပြောသံက အကြင်နာစွက်
မင်းဟန်ပန်က စည်းဝါးနဲ့။
ဘယ်သူတွေက လှမ်းလှမ်း
ဘယ်က ပန်းလဲ
ကမ်းလို့ ကြိုနေဆဲ။
ဖြူနီပြာဝါ အညိုစွက်ပြီး
ရောင်ဆင်းက မသေချာ
မွေးရနံ့က မသေချာ။
အရောင်အဆင်းနဲ့ ပန်းတွေများ
ကြိုင်သင်းတဲ့ ပန်းတွေကြား
မင်းဟာ သဘာဝအနမ်းနဲ့
တောပန်းရိုင်း အရုပ်ပေါ့။
မောင်နေပြာ