Jul 11, 2012

နွယ်တမယ်ချောင်းပေါ်က မင်းတို့ရွာ




ခပ်နွမ်းနွမ်းလေးရယ်ပါ
ပန်းအကြွေနဲ့ မင်းလှနေဆဲ
ကောင်ကင်ငုံ့ကြည့်နေရတဲ့ အိမ်ကလေးတွေ
အရောင်တွေမှိုင်းနေတဲ့ ညနေတွေ
အသံတွေ သိပ်မပါတဲ့ စကားတွေ
နွယ်တမယ်ချောင်းပေါ်မှာက
အနီးအဝေးဆိုတာ
မိုင်တွေနဲ့တိုင်းတာ မဟုတ်လို့
သတ္ထုသံတွေ အစာသွတ်ထားတဲ့
ဂီတရော မင်းမြင်သလား။

နွေဦးက ရုတ်တရက်ပေါက်ချလာသလို
နွယ်တမယ်ချောင်းပေါ် ငါခြေချခဲ့တယ်။
ဆိုပါတော့
မင်းတို့ရွာလေးက
ဓာတ်ပုံဆရာ ဓာတ်ပုံရိုက်သလိုမျိုး
ငါ့ မျက်စိထဲမှာ တဖျပ်---ဖျပ်။ ။

 မောင်နေပြာ