Jul 10, 2012

အလွမ်းည


အလွမ်းည


တမ်းတလွမ်းနေ မဖြေသာတော့
ရှိုက်ကာရှိုက်ကာ ရင်နင့်အောင်သာ
တွေးနေမိပေါ့ ချစ်သူ “မ” ရယ်။

ဝေး ဝေး ဝေးနေ ဝေးနေပေမဲ့
ရင်ထဲမဝေး နီးနီးလေးလေ
မောင့်ရင်ငွေ့ဘေး ရင်ငွေ့ပေးဆပ်
“မ” ရယ် အိပ်စက် စိတ်တေးမှတ်ပေါ့
လွမ်းလို လွမ်းနေ လွမ်းနေဆဲပါ
“မ”ကိုလွမ်းလှ လွမ်းတမ်းတလျှက်
လွမ်းလို့မဝ အလွမ်းည။   ။

မောင်နေပြာ