Jul 10, 2012

ခေါင်းစဉ်မရှိတဲ့ ငိုချင်းသည်

ခေါင်းစဉ်မရှိတဲ့ ငိုချင်းသည် 


မြို့ထောင့် ဆိုင်လေးတစ်ဆိုင်က
မရိုးတဲ့ ဇာတ်လမ်းဆန်း တစ်ပုဒ်ရယ်ပါ။
ဝါးကပ်ဦးထုပ်လေးနဲ့ အဖြူမလေးရေ
နောက်ဆုံးတော့ကွာ
မင်းဇာတ်လမ်း ကိုယ့်ဇာတ်လမ်း
မျက်ရည်နဲ့ စာတန်းထိုးခဲ့ရ။

ကမ်းပါးပြိုလို့ နှစ်ခြမ်းပဲ့ခဲ့ရတဲ့ ရွာလေးမှာ
သံစဉ်တွေ ထွေးထုတ်ခဲ့တဲ့ အိမ်းဝိုင်းဟောင်းထဲမှာ
ချစ်တတ်ခါစ အသက်အရွယ်လေးတစ်ခုမှာ
လွမ်းစရာ့ ဖန်းခါးမြေတစ်နေရာမှာ
တို့နှစ်ယောက် ကြိုးညှိပြီးသားဆိုတော့
ကောက်တီးဖို့ပဲ လိုတဲ့ ဂီတာအိုလေးပေါ့။

ဒါပေမဲ့
မိုးမလင်းဘဲ ကြိုးတင်းလို့ပြတ်
ဟောဒီ အညာဆောင်းက
သဘာဝဆန်ဆန် မအေးမြတော့
မင်းနဲ့ ချစ်တဲ့ အချစ်ကလည်း
အရီးလေး ကွမ်းယာလို
ဝါးပြီး ထွေးထုတ်လို့ မရခဲ့ပေါ့။ ။


မောင်နေပြာ 
(မင်းသီဟ ကဖေး၊မင်းဘူးမြို့)