Jul 10, 2012

စပယ်ပြုံး

စပယ်ပြုံး


မြင်ပျောက် ချစ်ပျောက်
အလှတရားတွေ
ပသာဒ ပလက်ဖောင်းပေါ်
တိုးတိုးတိုက်မိ။

လှစ်ဟပြလိုက်တဲ့ နံနက်ခင်းစံပယ်
ကိုယ် တစ်ညလုံး ဆွဲချပစ်လိုက်တဲ့
ကန္တာရ ပင်လယ်ကြယ်တစ်စင်း
ရုတ်ကနဲ ရုန်းထ။

ညီမလေးရယ်
မင်းတစ်လောကလုံး ပွင့်ပြတာတောင်
ကိုယ်ဟာ အရန်လူဖြစ်ခဲ့။

ရိတ်သိမ်းခွင့် မရဘဲ
ဘယ်သူထွန်ယက်ချင်မှာလဲကွာ။ ။

မောင်နေပြာ

မှတ်ချက်။ ။ခက်ခက် အတွက် ရေးခြင်း မဟုတ်ပါ။