ဧရာဝတီဘေး လေညှင်းခံရင်းအကြောတွေ ဆန့်ထုတ်တတ်တဲ့မြေထဲ မိုးဖုံး ဆိုပြီးပထဝီနဲ့ ယက်ဖောက်ထားရဲ့။ခေါင်းကိုင်အဖေ တံဆိပ်ကပ်ပြီးသူ့အလှ သူခင် အဓိပ္ပာယ်ယဉ်တဲ့မြန်မာရနံ့၊ အညာရနံ့ မြို့ငယ်လေး။အဆင်ဆန်းတွေ ချယ်သပြီးအလှမကြွား၊အရှက်မများဖို့သူ့အသွေးအသားကို အံထုတ်နေတဲ့ဇီဝဇိုးငှက်လို လုံမလေး။မျက်တောင်လေး ကော့ပြီးလှတဲ့သူလေးတဲ့။သရေခေတ္တရာ နဲ့ ဗိသာနိုးကြားသမိုင်းအငွေ့အသက်ရဲ့ ကုန်စည်မြို့လေး။ခါးလျားရှည်တဲ့ လုံမေရေဧရာဝတီဘေးမှာ ရင်ခုန်ဖို့ ရှိသတဲ့။ ။
မောင်နေပြာ
၁၇-၆-၀၅(အောင်လံမြို့)