တိတ်တဆိတ် ရောက်လာသတဲ့
ကံကြမ္မာ----
ကိုယ်က ဆံဆည်းခြင်း မီးတိုင်ဖြစ်မှ
သူက လေထန် လှိုင်းကြမ်းညဖြစ်ရဲ့
မျှော်လင့်ခြင်းကိုပဲ
ဆုံးမချုပ်တည်းရ----
ကိုယ်ကိုယ်ကို
အနွေးထည် တစ်ခုလို ခေါက်သိမ်း
ဆောင်းရာသီစိမ်းကို နှုတ်ဆက်----
နှလုံးသားရဲ့ အငိုမတိတ်လည်း
အပြုံးများနဲ့ မြိုသိပ်ဆဲပေါ့----
ယုံပါ----
လမင်းဟာ
နေ့ခင်းကို အမှောင်ချဖို့
တစ်ခါမှ မကြိုးစားခဲ့ပါဘူး----။ ။
နီဝင်းချို
(သနပ်ခါးရည်ကျဲ ပါးနီထဲ---မှ)
An Offshore Dream
Said it arrived silently.
Fortune is----
Only after I’m the lamp post for meeting,
he is wuthering and billowing night.
Only expectation
Is chastened and refrained.
I myself
Fold and keep, like a jacket
Farewell to unfamiliar winter.
Although the heart doesn’t stop crying
I keep myself smiling.
Do believe!
The moon has
Never tried to make
The day darkens
Trs: Mg Nay Pyar (/font)