Jul 29, 2012

ချစ်သူအလွမ်းဖွဲ့ရိုးရိုးကဗျာတစ်ပုဒ်

Rebecca Win


ညနေတွေဆို လွမ်းတယ်ဆိုပဲ
ချစ်သူ နှစ်ဦးထိုင်ခဲ့တဲ့
ခုံတန်းရှည်လေးကတော့
အဖော်မဲ့ ကျောဆန့်နေမယ်။

မပြေချောတဲ့ လမ်းတွေဘေး
ရစ်ခွေငေးမှိုင်နေလို့
အဲဒီမြို့လေးရဲ့ သေးငယ်တဲ့ ညနေတွေမှာ
ချစ်သူ အလှက တစ်မျိုး  
ညနေ အလှက တစ်မျိုး   ။

ပို့တဲ့ အလွမ်းစာတွေက
        နှလုံးသားလောက် မမြန်။

ချစ်သူ့မြို့လေးမှာ
ပန်းခြံတွေလည်း မရှိ
ရုပ်ရှင်ရုံတွေလည်း မရှိ
ဖန်စီရှော့တွေလည်း မရှိ
ချစ်သူများနေ့လည်း မရှိ ။

အလွတ်ရနေတဲ့
“တစ်ယောက်တည်းလား”ဆိုတဲ့ အမေးကို
အပြုံးနဲ့သာ ဖြေရမှာပေါ့။
အလွမ်းနဲ့တင်
ချစ်သူမြို့လေးက
နေပျော်စရာ ကောင်းသွားမယ်။     ။

မောင်နေပြာ
၂၅၊၁၁၊၀၅   National Day