Jul 29, 2012

လှည့်ပြန်ခဲ့တယ်


လှည့်ပြန်ခဲ့တယ်

ရက်စက်သော မျက်ဝန်းတစ်စုံဆိုတာ
အပြုံးတွေ ထမ်းတင်ထားတာပါ။

မိုးရာသီဆိုလည်း မိုးရာသီအလျှောက်
ကဗျာဆရာလည်း ကဗျာဆရာအလျှောက်
သူ့အရောင်နဲ့ အဆင်းနဲ့။

တစ်ယောက်က တစ်ယောက်ကို ချစ်တယ်
တစ်ယောက်ကို တစ်ယောက်က ချစ်တယ်
ပြောကြ၊နားထောင်ကြ၊ကြားရတယ်
ရေတွက်လို့ရတဲ့ စက္ကန့်တိုင်းမှာ။

အရောင်တွေ ဒစ်စကိုအလား
ရနံ့တွေ ပျိုးပျက်လွန်းတယ်။

လှည့်ပြန်ခဲ့တယ်
ဂန္ဓဝင်တောင်ကုန်းအကွေ့မှာ
ပန်းတွေ ကြွေကျတုန်း။

အမုန်းစစ်စစ် ဆိုရင်တောင်
အချစ်စစ်စစ် ဆိုရင်တောင်
အထီးကျန်အက်ကွဲသံ။     ။

မောင်နေပြာ