Jul 16, 2012

ကာရန်မဲ့ ကဗျာ

ကာရန်မဲ့ ကဗျာ

ခေတ်ရေအလျဉ်မှာ တွေ့ရတတ်တဲ့
နွံထဲက ကြာတစ်ပွင့်အဖြစ် လည်းကောင်း
အလုပ်အပေါ်သစ္စာရှိတဲ့
ကောင်မလေးတစ်ယောက်အဖြစ် လည်းကောင်း
မကြာခဏလိမ်ညာတတ်တဲ့
ခေတ်သမီးပျိုတစ်ယောက်အဖြစ် လည်းကောင်း
ညအမှောင်တာတာ့လေးပြတတ်တဲ့
ဧည့်ခေါ်မလေးတစ်ယောက်အဖြစ် လည်းကောင်း
အသည်းမှာ စိုက်ထားတယ်။
ညအမှောင်မှာ မိန်းမတွေ အတူတူ မဟုတ်သလိုမျိုး
ချစ်သူ နှုတ်ခမ်းကွေးလှတယ်။
ဝေးဝေးမေ့မေ့ မရှိဘူး။
စိတ်အနံအလျားဟာ ညီမလေးအရပ်နဲ့အညီ
ထားခဲ့ရတယ်
အားတန်ပေမဲ့ မာန်လျော့ရင်း
ညီမလေး မိနွယ်ရေ!
မင်းဟာ အသံမပါတဲ့ သီချင်းကွဲ့
ကိုယ် ဆက်ဆိုလို့ မရဘူး။   ။

မောင်နေပြာ