ဧရာဝတီနဲ့ ဖက်လဲတကင်း
အလွမ်းတေးတထပ်ထပ် စီးမိုးရင်း
မွန်သမိုင်း အရပ်ရပ်
နဲ့
တကပ်ကပ် ဖြစ်ခဲ့တဲ့မြို့။
ခုတော့
ချက်တင်ခန်းထဲက ပုသိမ်
ပုသိမ်ထဲက ဂီတ
ဂီတထဲက ဂုဏ်သိက္ခာ
ဂုဏ်သိက္ခာထဲက မြို့။
မြို့ထဲက လူတွေ
လူတွေပြောနေကြတဲ့
ပုသိမ်
Bassein က ပုသိမ်ဖြစ်လို့
အွန်လိုင်းပေါ်မှာ
ပုသိမ်ထီးတွေ ဝေလို့
သူ့အကြောအချည်တွေ
ဖြန့်ထုတ်လို့
ကျွန်တော်မမ ပုသိမ်သူလို့
ရွှေမုဌော ကုန်းတော်မှာ
မြို့ပြအခိုးငွေ့တွေ
ဝေလို့
ကမ်းနားမှာ သဘောင်္တွေ
စီလို့
ဘယ်သူတွေ ဘယ်နှခုနှစ်မှာ
တည်ခဲ့သလဲ မသိ။
ခု အီလက်ထရေစ်နစ်ကမ္ဘာထဲက
ပုသိမ်!
ကျွန်တော် နှလုံးသားထဲက
ပုသိမ်!
ပုသိမ်ရေ!
ခင်ဗျားအကြောင်းတော့……..
ဒီလောက်နဲ့ပဲ…………………..။ ။
မောင်နေပြာ