Showing posts with label အဖြူရောင် စိမ်း. Show all posts
Showing posts with label အဖြူရောင် စိမ်း. Show all posts

Jul 16, 2012

တန်ဆောင်တိုင်




ညီမလေးရေ
ဘဝတစ်ခန်းရပ်တွေမှာ
ဆန္ဒတွေကို
သိဒ္ဓိဓားတစ်ချောင်း ထိုးသွင်းပစ်ချင်သူတွေ ရှိတယ်။

အခြေအနေတွေဟာ
ဆီစိမ်တစ်ချပ်လို ပါးလွန်းတယ် ဆိုတာ
ညီမလေးလည်း သိသားပဲ။

ကိုယ့်စာမျက်နှာ သူကြည့်
သူ့စာမျက်နှာ ကိုယ်ဖတ်
“လူတစ်ဦးတိုင်း တစ်ယောက်တိုင်းမှာ
တစ်ချိန်ချိန်တော့ အချစ်ဆိုတာ
ရှိခဲ့ကြတယ်”ဆိုတဲ့
ကိုထီးရဲ့ သီချင်းလို
အဲဒီညက တစ်ချိန်ချိန် ဆိုတာလား။

အဲဒီညက
ဆောင်းညဉ့်ပေါ်က
မော်ဒန်ရော့ ကတဲ့ည
သမိုင်ရပ်ဝန်းထဲက
ဗုဒ္ဓကို ဦးခိုက်တဲ့ည
ခုံပုတွေပေါ်က
အရှေ့အနောက် အက္ခရာတိုက်ပွဲည
မီးပုံနံဘေးက
ကဗျာသံပီတဲ့ ဆွီတီည။

နက္ခတ်ထဲမှာ
သိဂါၤရ မိတာပါသလား။
ခရာတာတာတွေ
ကုလားဖန်ထိုးဆို
အဇ္ဈတ္တကို သံကွန်ခြာအထပ်ထပ် ကပ်ထားလိုက်တယ်။

ညီမလေးရေ
အဇဠာတခွင် ကြက်မတစ်ဝပ်စာ မကျန်
တိမ်ကင်းစင်မယ် ဆိုရင်
နက္ခတာရာတွေ စုံနေမယ် ဆိုရင်
ဆောင်းညဉ့်ပေါ်မှာ မော်ဒန်ရော့ကနေမယ် ဆိုရင်
မီးပုံနံဘေး ကဗျာသံပီနေမယ် ဆိုရင်
ဆိုရင်………၊ ဆိုရင်……..၊ ဆိုရင်……….
“လာ! ညီမလေး
ဟောဟိုမှာ တန်ဆောင်တိုင်”လို့ ဆိုရင်……….။   ။

မောင်နေပြာ

၁၃၆၇ခုနှစ တန်ဆောင်တိုင်

Jul 6, 2012

ဝေးဝေးနီးနီး(Hanami)

မိန်းကလေး
နောက်လှည့်ကြည်လိုက်စမ်းပါ
ငါ့ မျက်ဝန်းထောင့်တစ်နေရာမှာ
မင်းပသာဒရုပ်တစ်စ ကပ်ငြိနေသလားလို့.......။

မင်း ဝေး ဝေး ဝေးသွားပါစေ
ငါ နီး နီး နီးလေးမို နီဆဲပါ။

မင်းဟာ
ငါ့နှလုံးသားထိပ်က
အလင်းတစ်စသာ မဟုတ်ဘူးလေ။

ငါ့အတွေးစက
ရနံတစ်ရှိက်သာမဟုတ်ဘူးလေ။

ငါ့အိပ်မက်အစက
နတ်သမီးတစ်ပါးသာမဟုတ်ဘူးလေ။

ငါ့ဘ၀လမ်းထိပ်က
မီးပြတိုက်လေးသာမဟုတ်ဘူးလေ။

ငါဟာမင်းပျိုးထောင်မှ
ပွင့်မည့်ပန်းပါ။


ငါဟာမင်းရေသွန်းလောင်းမှ
လန်းမည်ပန်းပါ။

တကယ်တော့!
ငါဟာမင်းနှလုံးသားချည်မျှင်မှာ
ရစ်ဖုံးခံလိုက်ရတဲ့ပိုးတုံးလုံးတစ်ကောင်ပါပဲ။

မင်း ဝေး ဝေး
ေေေေေ််ေေ-ဝေးသွားပါစေ
ငါ နီး နီးနီးလေးလို့
နီးဆဲပါ။ ။

မောင်နေပြာ