Aug 11, 2012

ညရေးမ၀တဲ့


ထောင့်ချိုးကွေ့ဝင်ရတဲ့
          အခန်းကို မုန်းတယ်။
ရော်ရွက်ကြွေရတဲ့
          ညနေကို မုန်းတယ်။
ရိုးသားမှုခ၀ါချရတဲ့
          အပြုံးကို မုန်းတယ်။

ညချင်မူးတူးတွေကိုနင်း
ဘ၀ကိုခင်းပြီး
အဲဒီကချေသည်ရဲ့ အရေခွံ မဖြစ်လို။

စင်ကြယ်မှု အစိတ်သားနဲ့
ခပ်မောမောဖြစ်နေတဲ့ခွက်ကို သွန်ပစ်ပါ။

မြစ်ရေးငင်တဲ့ မြေပြင်ဟာ
သူကိုယ်တိုင်သောင်ထွန်းနေတော့မယ်။

မောင်နေပြာ