Jul 15, 2012

“အကွာအဝေး”


·         “အကွာအဝေး”

အကွဲကွဲအပြားပြား
စိတ်နဲ့လှော်ခတ်နေရတဲ့ ဘ၀တွေ
ငါ လည်း သူ့ဆီ မရောက်ဘူး။
သူ လည်း ငါ့ဆီ မရောက်ဘူး။
အဆုံးအစ မသိလေတော့
ဇာတ်သိမ်းခန်း ကို ခန့်မှန်းမရ ဖြစ်နေတယ်။
ခရီး က ဒီထက်ဒီ ရှည်လျား………
လောက တနံ တလျား
ကိုယ်စီ ကိုယ်ငှ လမ်းသလား ကြ
“အဆင်ပြေလား” လို့ မေးကြည့်ဖို့ ဆိုတာ
ငါတို့ က
စာမလာ သတင်းမကြား။
(ကိုယ်စီကိုယ်ငှ လိုင်းမကောင်းကြ)
 
    မင်းထက်ညိမ်း
    ဒီကဗျာလေးကို သူငယ်ချင်းတစ်ယောက်က Facebook ကပို့လိုက်တာ။ဘာသာပြန်ကို နောက်နေ့မှ ထပ်တင်ပေးမယ်။