Jul 15, 2012

ဗေဒင်ဆရာ့ဆီမှ အပြန်လမ်း

ဗေဒင်ဆရာ့ဆီမှ အပြန်လမ်း


မသွေတမ်း လျှောက်ကွဲ့
ဘဝလမ်းခွဲ မသေချာသူတွေ
ထီးဖြူလို့ ဖိနပ်ပါး
အရပ်စကားလည်း ရှိသားပဲ။

ဟုတ်တိဟုတ်တာ
ဟုတ်လိမ့်နိုးနိုး မျှော်ကိုးမိရဲ့
ဇာတာ၊ဆန်း၊လဂ်
တွက်ချက်ကာ ပစ္စက္ခတ်
မကောင်းဘေးဆိုးတွေ
တွယ်ကပ် ဖယ်ရှား ယတြာတဲ့။

သြော် အတ္တဟိ အတ္တနော နာထော
ကိုးကွယ်ရာ တစ်ပါးမရှိ မိမိကိုယ်သိ
အများပြော မဟုတ်
ဘုရားဟောတောင် အဟုတ်ပယ်တဲ့
ညစ်ကျယ်ကျယ်လူမျိုး
ကတိမ်းကပါး ဝေဒနာ
မရေမရာ ထွေပြား
ဆန်းစစ်မှ ဓမ္မအမြင်မှန်တဲ့
ဗေဒင်ဆရာ့ဆီမှ အပြန်လမ်းကွဲ့။  ။

မောင်နေပြာ