Jul 15, 2012

မသေချာ၍ မသေချာသော


မသေချာ၍ မသေချာသော

အဝေးက ဆွေးအတိတ်တွေကိုလည်း
လေကို ပုံဖမ်းသလို
အရိပ်မထင်ခဲ့ဘူး။

တစ်ခါသာမှားပြီး
တစ်ခါသာ ထပ်မှားတယ်။
နိဂုံးတော့ အမှားရိပ်တွေ
အထပ်ထပ် တရိရိ။

ချစ်တာ၊မကျေနပ်တာ
ဝေခွဲမရတာနဲ့
ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာပဲ
ငါ့ဘဝရုပ်ရှင်ထဲ
သင်္ကေတပြကွက်တွေ ဖြစ်လိုက်ပျက်လိုက်။

ရင်ထဲထိ ငြိတယ်ဆို
မောဟအသိရှာသူ
သောကတံခါး ထိရောက်
ငါဟာ
ကုက္ကိစ္စတရားရဲ့ ရာဇဝတ်ကောင်။  ။

မောင်နေပြာ