Aug 16, 2012

စောဒက

ဖာရိုဘုရင်က
ပိရမစ်တွေ ဆောက်ခိုင်းတယ်။

ဖက်ဆစ်တွေက
သေမင်းတမန် တံတားခင်းခိုင်းတယ်။

နာဇီတွေက
ဆိုက်ဘေးရီးယားဆောင်းကို အံတုခိုင်းတယ်။

ဘယ်သူက
သကောင့်သားကို
ကဗျာစပ်ခိုင်းမလဲ။

လူမှုဒုက္ခတွေ မမှု
ငွေကြွေး နဲ့ သဟဇာတ
မဖြစ်တဲ့သူရဲ့
ဈာန်ဝင်စားမှုကို လေလံတင်ခံရလုလု။  

မောင်နေပြာ