မျက်စချီချီပစ်နေတဲ့
ညအလှဟာ အပျိုဖော်ဝင်တော့မယ်။
ရာစုနှစ်နဲ့ချီပြီး
ဝင်ခဲ့ရတဲ့
မဟာကန်ထဲမှာ
အလိုက်ကမ်းဆိုး
မသိတတ်တဲ့
သူ့ရင်သွေးတွေ
လွယ်လို့။
သူ့ကျောကုန်းထက်မှာတောင်
တဖျပ်ဖျပ်လူး
သူ ပခုံးရွက်ထားရတာက
အဲဒီ လှိုင်းကြပ်ခွပ်တစ်အုပ်၊
လေးညှင်းနဲ့
သီချင်းဟာ
ဥပက္ခာသမား
ညဦးဘေး
မလှမပတွေးရင်း
စီးမျောခဲ့
ရင်သားတု
အစုစုနဲ့
လက်မထပ်ဘဲ
ပေါင်းသင်းနေထိုင်တဲ့ အကျိုး
အပျိုရည်ပျက်
သန္ဓေစမြို့ကို
ခြောက်အိပ်မက်တွေ
ပေးနေပြီ။
သူရဲ့ ရွှေရင်သိမ်းစ
အတိတ်ကိုတောင်
မေ့လုလုနဲ့။
အဲဒီတော့
မြို့ရဲ့နေဝင်ချိန်
မရာက်ခင်
ကျွန်တော်ကို
ညနဲ့လက်ထပ်ခွင့်ပြုပါတော့ဗျာ။
မောင်နေပြာ