Aug 2, 2012

ဧကရာဇ်

သက္ကရာဇ်တွေ အဆင့်ဆင့်ဖြတ်ကျော်
မိန်မသားတို့အား လွှမ်းမိုး
နောက်ဆုံးဘူတာထိတော့ သူတို့မရောက်ကြဘူးတဲ့။

မနက်က အဲဒီအောက် ကလေးတစ်ချို့
တပျော်တပါး ပန်းကောက်သွား
ရေးမထားတဲ့ ဒိုင်ယာရီထဲ
ဧကရာဇ်တွေ နေရာယူတာ မှတ်မိရဲ့။

စံပယ်လို ဖြူဖွေး၊သူအတွေးက
ဧကရာဇ်တစ်ပါးလိုပ။

အညတရ တစ်ခုသာ
မိတ်ဆွေ!
သင့်မှာရော ဧကရာဇ်ရဲ့
ရောမန္တိက ဇာတ်လမ်းရှိခဲ့လေသလား။

အရုဏ်ဦးမှာ ဧကရာဇ်
အမည်မမှတ်မိတဲ့ ယာဉ်တစ်စီး စီးလာတာ
လှတပတ တွေ့လိုက်ရတယ်။

မောင်နေပြာ