အပြာရောင် နေ့များရဲ့
နေဝင်ချိန်မှာပေါ့
ငါ့ကိုလေ
လမ်းခွဲစကားများရဲ့
ပုဇွန်ဆီရောင် အလင်းတန်းတွေက
အငြိုးထား
အလှမ်းဝေးလှတဲ့ အချိန်ပြောင်း (ညဉ့်) ခေါင်းလောင်းသံတွေက
နှိပ်စက်
ဖောက်လွဲ ဖောက်ပြန်
အိမ်မက်ရှည်ထဲက ပုံရိပ်စစ်တို့က
ခြောက်လှန့်
အဖိုးအနဂ နေထွက်ချိန်တို့က
အအိပ်မက်နေတော့
သူမရေ.........
ဘဝမေ့မဲ့ ဆေးတစ်ခွက်ပေးပါ၊ ၊
မောင်မျိုးငြိမ်း
Heart-beating Night without Timing
Of the blue days,
at the sunset.
Against me
pawn-fat coloured rays of light
of the separated speech, bear a grudge
in the distance,
the tolls of timing (night) bell treated badly.
Unusually,
real images in the long dream threatened
while the valuable sunrise had been oversleeping
Lass!
give me a cup of drug, to lose consciousness of the life.
Trs: Mg Nay Pyar
(သနပ်ခါးရည်ကျဲ ပါးနီထဲ ---မှ)
.jpg)