Apr 17, 2018

ဆုတောင်း/ဆုေတာင္း

ဒီပွဲမှာ ပေးလိုက်ရတဲ့ အသက်က
တကယ်တန်ရဲ့လား မေးကြည့်ချင်တယ်
ကိုယ်ချင်းစာတရားဆိုတာ
ပြတိုက်ထဲ လှလှပပ နေရာယူထားတဲ့
သမိုင်းဝင် ပစ္စည်းတစ်ခုလား
မခံချင်စိတ်နဲ့ ဝေ့တက်လာတဲ့ မျက်ရည်
မသုတ်ပါရစေနဲ့တော့
နာကျင်ခံခက်စွာ သွေးတွေဗလောင်ဆူတယ်
ဆုတောင်းပါတယ်
နောက်တစ်ခါ အလှည့်ကျတဲ့
ကံဆိုးသူ မျက်နှာမွဲလေးတွေ ထပ်မရှိပါစေနဲ့တော့
ဆုတောင်းပါတယ်
လုပ်ကြံအမြတ်ထုတ်တဲ့ စိတ်ဓာတ်တွေနဲ့
ဘယ်ဘဝမှာမှ ပြန်မဆုံဖို့
ဆုတောင်းပါတယ်
မသိချင်ယောင်ဆောင်မယ့်
စာနာမဲ့ လူတစ်စုနဲ့ဝေးဖို့
အပယ်ခံလူသားတို့ ငြိမ်းချမ်းဖို့
ဆုတောင်းပါတယ်
ဆုတောင်းပါတယ်
ဆုတောင်းပါတယ်
ဘဝအဆက်ဆက်------။ ။

ယောလုံမေ

Zawgyi:

ဒီပြဲမွာ ေပးလိုက္ရတဲ့ အသက္က
တကယ္တန္ရဲ႕လား ေမးၾကည့္ခ်င္တယ္
ကိုယ္ခ်င္းစာတရားဆိုတာ
ျပတိုက္ထဲ လွလွပပ ေနရာယူထားတဲ့
သမိုင္းဝင္ ပစၥည္းတစ္ခုလား
မခံခ်င္စိတ္နဲ႔ ေဝ့တက္လာတဲ့ မ်က္ရည္
မသုတ္ပါရေစနဲ႔ေတာ့
နာက်င္ခံခက္စြာ ေသြးေတြဗေလာင္ဆူတယ္
ဆုေတာင္းပါတယ္
ေနာက္တစ္ခါ အလွည့္က်တဲ့
ကံဆိုးသူ မ်က္ႏွာမြဲေလးေတြ ထပ္မရွိပါေစနဲ႔ေတာ့
ဆုေတာင္းပါတယ္
လုပ္ႀကံအျမတ္ထုတ္တဲ့ စိတ္ဓာတ္ေတြနဲ႔
ဘယ္ဘဝမွာမွ ျပန္မဆံုဖို႔
ဆုေတာင္းပါတယ္
မသိခ်င္ေယာင္ေဆာင္မယ့္
စာနာမဲ့ လူတစ္စုနဲ႔ေဝးဖို႔
အပယ္ခံလူသားတို႔ ၿငိမ္းခ်မ္းဖို႔
ဆုေတာင္းပါတယ္
ဆုေတာင္းပါတယ္
ဆုေတာင္းပါတယ္
ဘဝအဆက္ဆက္------။ ။

ေယာလံုေမ