Feb 14, 2014

‌ ရုပ်‌ရှင်‌

ကျေး‌တောသားကြီးကို
သူရဲ‌ကောင်းဖြစ်‌ခွင့်ပေးခဲ့တဲ့ Resell Crowe ‌ရေ
ငါမင်းကို သ‌ဘောကျတယ်‌။

ဘားရက်‌အိုဘားမားရဲ့ အစီအစဉ်‌
နူကလီးယား ယူနစ်‌ကို
၅၀၀၀ က‌နေ ၃၀၀ ‌လျော့ချပစ်‌၊

အ‌မေရိကန်‌ဟာ အိပ်‌မက်‌
အ‌မေရိကန်‌အိပ်‌မက်‌ဟာ သူ့နာမည်‌နဲ့ သူ၊

စနိုဒင်‌ က ဒုတိယစစ်‌‌အေးရဲ့
စနက်‌တံ နယ်‌ရုပ်‌‌လေးပဲ ဖြစ်‌ဖြစ်‌၊

မိန်‌းမတစ်‌‌ယောက်‌အတွက်‌
လုံလုံခြုံ့ခြုံ အိပ်‌စက်‌ရဖို့ဟာ
လူ‌တွေပါးစပ်‌ဖျားက
ဒီမိုကရက်တစ်‌ဗျစ်‌ရည်‌ထက်‌
အ‌ရေးကြီးတယ်။

အကြည့်တစ်‌ချက်‌နဲ့တင်‌ ‌
ယောကျားတစ်‌‌ယောက်‌ လဲကျသွား‌အောင်‌
မလုပ်‌နိုင်‌‌သေးသ၍
ယုကိ!
မင်း ၊ ဂေးရှားမယ်‌မဖြစ်‌‌သေးဘူး။ ။

‌မောင်‌‌နေပြာ