Aug 2, 2012

သရက်


ထန်းရိပ်ညိုတန်းလေးကို
သတိတရလွမ်းဆွတ်
အဟောင်းဆိုင်လေးတစ်ခုလို
သစ်လွင်ဟောင်းနွမ်း ရနံ့လေးနဲ့
အထားအသို မှန်နေမလား…..။
မြို့ပြအငွေ့အသက်နဲ့
ခလုတ်တိုက်မိလေတော့
ဂျင်းဘောင်းဘီလက်ရှည်
ထမီ စကတ်ကွတွေနဲ့
Country သီချင်းမှာ မျောနေမလား
ငါမသိနိုင်တော့။
မီခိုးတွေဆန်တက်သွားတိုင်း
ဧရာဝတီရဲ့ မေးဖျားမှာ
မှဲ့တစ်လုံးတပ်ထားတဲ့မြို့ကို လွမ်းတယ်။
ရာစုနှစ်တွေရဲ့ လှေခါးထစ်ပေါ်
ကြွကြွရွရွလေးလှမ်းရင်း
သက္ကရာဇ်ရထားပေါ်မှာ
ညိမ့်ညိမ့်လေးစီးလို့။   

ပိုင်စိုးဦး(သရက်)