Aug 2, 2012

ညီမလေး

နီပေါသူ
တကယ်တော့…
ကိုယ့်ရဲ့အချစ်က ပန်းသီးတစ်လုံးကို
ဝေမျှစားသုံးခြင်းပါ
ချိုသောအခြမ်းကို မင်းကိုပေးလို့
ချဉ်သောအခြမ်းကို ငါယူခဲ့တာ
ကောင်းကင်ထက်က မိုးစက်တွေ
မျက်ရည်အဖြစ် ရွာချခဲ့သလို
ဒါမှမဟုတ်…
နှစ်ချို့အရက်တစ်ခွက်ကို သောက်သုံးရသလို
ကိုယ့်ရင်ထဲကို ပူလောင်စွာစီးဆင်းခဲ့တယ်
မင့်အတွက် ကိုယ်ဟာ
ရနံ့မရှိတဲ့ ပန်းတစ်ပွင့်လို
ပန်ဆင်သူမရှိတဲ့ ပေါက်ပန်းဖြူတစ်ပွင့်လို
အဆင်းရှိပေမယ့် အချင်းမရှိတဲ့ဘဝပါ
ကိုယ့်ဘဝအတွက် မင်းကတော့
တောင်ထိပ်က နေကြာပန်းပါ
ဒါပေမယ့်…
ဒီဘဝအတွက်တော့ မင်းက
ကိုယ်သောက်သုံးလိုက်ရတဲ့
နှစ်ချို့ဖျော်ရည်တစ်ခွက်ပါပဲ….။      

နိုင်ဝေ