တစ်မျက်နှာလေး ဖတ်ချင်တာနဲ့
ဖိလစ်ပိုင် မင်းသမီး
Marian Rivera
တစ်အုပ်လုံး ငှားခဲ့ရ
ဟောဒီ…..ပန်းသီးထဲမှာ……
ရောဂါပိုးတွေ ဘယ်လောက်ပါသလဲ
ချိုမြိန်တဲ့ ချစ်ခြင်းတစ်ခုအတွက်နဲ့
လွမ်းဆွေးကြေကွဲမှု ပိုးတွေ
ဝါးမြိုခံခဲ့ရ….
ငါ့ကိုယ်…
ဗီနပ်(စ်)ဆိုတဲ့
အချစ်နတ်သမီးလေးရယ်….
ငါ့အတွက်….
အချစ်တွေပါတဲ့
နှလုံးသားကိုသာ ပေးသနားပါ….။ ။
မိုး(သရက်)
ရယ်စရာမဂ္ဂဇင်း (သြဂုတ်၊၂၀၀၁)